အခန်း ၇၆: ဘယ်သူပြောတာကိုနားထောင်မလဲ?

2.6K 511 62
                                    

{Unicode}

အခန်း ၇၆: ဘယ်သူပြောတာကိုနားထောင်မလဲ?

"ဖေရွှမ်..."

အဲ့ဒီနာမည်ကိုတွေ့ပြီးတဲ့နောက်မှာ နင်နင်အမှားကြီးလုပ်လိုက်မိပြီလို့ ခံစားလိုက်ရတယ်။

"သွားပြီ..." သူမရေရွတ်လိုက်တယ်။ "ငါ့လူရွေးပွဲဗီဒီယို..."

ဒီဖေရွှမ်က သူမသိထားတဲ့ဖေရွှမ်ပဲလား?

အဲ့လိုသာဆိုရင် သူကလျန်လျန်နဲ့သိနေတယ်လို့ ဆိုလိုတာမဟုတ်ပါလား? ဇာတ်ညွှန်းထဲကအတိုင်းဆိုရင် သူတို့နှစ်ယောက်က ဆက်ဆံရေးလည်း အတော်‌ကောင်းကြတဲ့ပုံပင်။

အဲ့လိုဆိုရင် သူမရဲ့လူ‌ရွေးပွဲဗီဒီယိုကို သူရောမြင်ထားခဲ့လေမလား?

နင်နင်ကပျာကယာနဲ့ လျန်လျန်ကိုဖုန်းခေါ်လိုက်တယ်။ "ဇာတ်လိုက်နာမည်က ဖေရွှမ်လား?"

"ဘာဖြစ်လို့လဲ?" လျန်လျန်မေးလာတယ်။

သူမနဲ့ဖေရွှမ်ရဲ့ဆက်ဆံရေးကို နင်နင်တိုက်ရိုက်မမေးဘဲ ကွေ့ဝိုက်ပြီးပြောလိုက်တယ်။ "အဲ့ဒါယန့်ချင်ရုပ်ရှင်ထဲက ဇာတ်‌ကောင်နာမည်နဲ့တူနေ..."

"အဲ့တော့ဘာဖြစ်လဲ?" လျန်လျန်ပြန်ပြောလာတယ်။ "သူတို့ကိုပြောင်းခိုင်းဖို့ လူလွှတ်ပြောလိုက်မယ်"

နင်နင်, "..."

သူမကတကယ့်ကို အကျိုးအကြောင်းမဆီလျော်တဲ့ မိန်းကလေးဖြစ်ခဲ့တာပဲ။

"ကျွန်မဇာတ်ညွှန်းဖတ်ပြီးပြီ" နင်နင်ပြောလိုက်တယ်။ "ဖေရွှမ်ဇာတ်ကောင်နဲ့ပတ်သက်ပြီး ကျွန်မသိပ်မသေချာတဲ့အပိုင်း နည်းနည်းရှိနေလို့၊ ဥက္ကဌ..."

"ရပ်၊ တို့ကိုဘယ်တော့မှ ဥက္ကဌလျန်တို့၊ မဒမ်လျန်တို့၊ အစ်မလျန်တို့ လာမခေါ်နဲ့" လျန်လျန်ကရုတ်တရက် သူမကိုဖြတ်ပြောလာတယ်။ "ခေါ်ချင်တယ်ဆို အလှလေးလို့ခေါ်"

"အလှ၊ အလှလေး..." ဘယ်လောက်တောင်ထူးဆန်းလိုက်တဲ့ လူတစ်ယောက်ကိုခေါ်နည်းလဲ? နင်နင်ရဲ့နှုတ်ခမ်းထောင့်စွန်းတွေ အနည်းငယ်လှုပ်သွားတယ်။

"အမ်း" လျန်လျန်ကဂုဏ်ယူစွာနဲ့ ပြန်ထူးလာတယ်။ "ပြော"

"ဖေရွှမ်ဇာတ်ကောင်ကလေ၊ ရှင့်ရဲ့ကျေးဇူးရှင်ဟုတ်တယ်မလား?" နင်နင်အတက်မကျမရှိတဲ့လေသံနဲ့ မေးလိုက်တယ်။ "ရှင့်ကိုရှာတွေ့ပြီး လျန်မိသားစုဆီပြန်ခေါ်ပေးခဲ့တယ်၊ လျန်မိသားစုက ရှင့်ကိုလက်ခံလာအောင် ကြားကနေညှိနှိုင်းတိုင်ပင်ပေးခဲ့တယ်... ဒီဇာတ်လမ်းကဖြစ်ရပ်မှန်လို့ ရှင်ပြောဖူးတယ်ဆိုတော့ အဆုံးမှာသူဘာဖြစ်သွားလဲ? ရှင်သူနဲ့အဆက်အသွယ်ရှိတုန်းပဲလား?"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now