အခန်း ၅၂: နောက်ဆုံးဇာတ်ဝင်ခန်း

2.6K 520 74
                                    

{Unicode}

အခန်း ၅၂: နောက်ဆုံးဇာတ်ဝင်ခန်း

ဒီနေ့က<ပန်းချီကားထဲကလူ>ရဲ့ နောက်ဆုံးဇာတ်ဝင်ခန်းဖြစ်တယ်။

အခက်အခဲပေါင်းများစွာကိုကျော်ဖြတ်အပြီးမှာ နောက်ဆုံးတော့အသက်သွင်းဆေးကိုဖော်စပ်နိုင်ခဲ့တယ်။

ဆေးကတစ်ခါသောက်စာပမာဏသာဖြစ်ပေမဲ့ လူကနှစ်ယောက်ရှိလို့နေတယ်။

တစ်ယောက်ကမင်းသမီးလင်ရှန်းဖြစ်ပြီး အခြားတစ်ယောက်က အခုအချိန်မှာသေလုနီးပါးဖြစ်နေတဲ့ဇာတ်လိုက်ပဲဖြစ်တယ်။

"မြန်မြန်သောက်လိုက်" ရှီကျုံးထန်နင်နင်ကိုမော့ကြည့်ကာ ညင်သာစွာပြောလိုက်တယ်။ "ကိုယ်ဒီနေ့ကိုအကြာကြီးစောင့်ဆိုင်းခဲ့ရတာ"

သူတို့နှစ်ယောက်ကယွိမန်ဂိတ်ဝ*ကိုကျော်ဖြတ်လာခဲ့ပြီဖြစ်ကာ သဲမှုန်တွေရောယှက်နေတဲ့လေကြမ်းတွေက သူတို့ကိုဖြတ်ပြီးတော့တိုက်ခတ်လို့နေတယ်။ ကုလားအုတ်တစ်ကောင်ကသူတို့ဘေးမှာရပ်နေကာ သူ့လည်ပင်းကခေါင်းလောင်းလှုပ်ခတ်သွားတဲ့အသံနဲ့အတူ ရွှေရောင်သဲလေလှိုင်းလုံးက လေးကြိမ်မြောက်ဝေ့ဝဲလာခဲ့တယ်။

[မှတ်ချက်: မဟာတံတိုင်းရဲ့ဂိတ်ဝတစ်ခုပါ။ ကျောက်စိမ်းဂိတ်ဝလို့ဘာသာပြန်လို့ရပြီး အခုခေတ်ကန်းစုစီရင်စု သွင်းဟွမ်မြို့အနောက်ဘက်ခြမ်းမှာရှိပါတယ်။ ပုံကိုအောက်ဆုံးမှာကြည့်ပါ။]

နင်နင်လက်မောင်းထဲမှာရှီကျုံးထန်ကိုပွေ့ဖက်ကာ ရွှေရောင်သမ်းနေတဲ့သဲသောင်ပြင်ပေါ်မှာထိုင်ချပြီး ခေါင်းကိုခါယမ်းလိုက်တယ်။

"မင်းကဒီလိုအချိန်မျိုး‌မှာတောင်ခေါင်းမာနေတုန်းပဲ" သူ့ရဲ့အသံကပိုပိုပြီးတိုးညင်းလာတယ်။ အဆုံးမှာသူ့ရဲ့မျက်ခွံတွေပိတ်ကျသွားတယ်။

သူ့ရဲ့အသက်ရှူနှုန်းတွေရပ်သွားတဲ့အချိန်မှာ နင်နင်ဆေးပုလင်းအဆို့ကိုဖွင့်ပြီး ဆေးရည်တွေကိုသူ့ပါးစပ်ထဲလောင်းချလိုက်တယ်။

ပုလင်းတစ်ခုလုံးပြောင်သွားတဲ့အချိန်မှာ သူမသူ့ကိုစိုက်ကြည့်ရင်း တုန်ယင်နေတဲ့အသံနဲ့မေးလာတယ်။ "သူဘာဖြစ်လို့မနိုးသေးတာလဲ?"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now