အခန်း ၁၅၇: မြူခိုးငွေ့ကြားက ဘဝအော်ပရာဇာတ်ရုံ

1.4K 326 7
                                    

{Unicode}

အခန်း ၁၅၇: မြူခိုးငွေ့ကြားက ဘဝအော်ပရာဇာတ်ရုံ

"စတုတ္ထဇာတ်ဝင်ခန်း?" ရွာသူကြီးကရယ်မောလာတယ်။ "အဲ့ဒါဘယ်တုန်းကမှမရှိခဲ့ဘူး"

သူပြောသလိုတကယ်ပဲဟုတ်ရဲ့လား?

"မွေးဖွားလာတဲ့အချိန်ကစပြီး ရွာသားတွေကငါ့အရှေ့မှာ စတုတ္ထဇာတ်ဝင်ခန်းကို သရုပ်ဆောင်နေခဲ့ကြတာ" နင်ချင်က နင်နင့်ရဲ့နားရွက်ဘေးကနေ ပြောလာတယ်။ "သူတို့ငါ့ကိုတကယ်သဘောမကျသလို လေးလည်းမလေးစားကြဘူး၊ အရာအားလုံးက အတုအယောင်တွေပဲ..."

ခဏတန့်ပြီးနောက်မှာ သူကလေးလေးနက်နက် ရယ်မောလို့လာတယ်။ "သူတို့ငါ့ကိုဟိုးအမြင့်ကြီးအထိ မြှောက်ပင့်ခဲ့ကြတယ်၊ အဆုံးမှာ ငါဟိုးအနက်ကြီးအထိ ကျလာဖို့အတွက်နဲ့ပဲ"

အခြားဇာတ်ဝင်ခန်းသုံးခုက စင်မြင့်ပေါ်မှာဖျော်ဖြေရတာဖြစ်ပေမဲ့ စတုတ္ထဇာတ်ဝင်ခန်းကတော့ တကယ့်လက်တွေ့ဘဝမှာ ဖြစ်ပျက်တာဖြစ်တယ်။ ‌နေ့တစ်ပြန်ညတစ်ပြန်၊ အဖန်ဖန်သရုပ်ဆောင်နေရတယ်။ သရုပ်ဆောင်တွေက နင်မိသားစုနဲ့ ရွာထဲကလူအားလုံးပဲဖြစ်တယ်။

ဒါပေမဲ့ဘာအတွက်ကြောင့်နဲ့လဲ?

အဲ့ဒီလိုမျိုး အလွမ်းအသောဇာတ်ကို ဖန်သားပြင်ပေါ်မှာပြသတာက ပရိသတ်တွေရဲ့စာနာသနားမှုကို ခံယူဖို့ဖြစ်တယ်။ ဒါပေမဲ့သူတို့တွေအဲ့ဒါကို တကယ့်လက်တွေ့ဘဝမှာလုပ်ကြတာက ဘာပြန်ရမှာမလို့လဲ?

"မင်းစဉ်းစားကြည့်၊ ငါ့အနားကအရာအားလုံးက အတုအယောင်တွေဖြစ်နေတယ်၊ နေ့တိုင်းငါ့ကို စားစရာတွေပို့ခဲ့ပေးတဲ့ အဘွား၊ ငါနဲ့တူတူကြီးပျင်းလာကြတဲ့ ကစားဖော်တွေ၊ အဖေနေရာမှာ ငါ့ကိုပျိုးထောင်ပေးခဲ့တဲ့ ရွာသူကြီး... သူတို့အားလုံးက ဘိုးဘေးကန်တော့ပွဲကာလမှာ ရုတ်တရက်ကြီး ပြောင်းလဲသွားကြတယ်၊ သူတို့ငါ့ကိုရိုက်ကြတယ်၊ ဆူဆဲကြတယ်၊ အရှက်ခွဲကြတယ်၊ ငါ့ကိုကျွေးမွေးပြုစုပေးခဲ့ကြတာပဲ ဆိုတဲ့အကြောင်းပြချက်နဲ့ သူတို့ရဲ့လုပ်ရက်တွေကို ဆင်ခြေပေးကြတယ်၊ ငါ့ကိုကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ကြတာတွေအားလုံးက အဆုံးမှာငါ့ကိုထောင်ချောက်ပြန်ဆင်ဖို့ပဲ" နင်ချင်ကသူ့ကိုယ်သူ လှောင်ရယ်လာတယ်။ "ဆိုတော့စတုတ္ထဇာတ်ဝင်ခန်းက ဘယ်လိုလုပ်ပြီးတော့ မရှိရမှာလဲ? ဒါကစတုတ္ထဇာတ်ဝင်ခန်းပဲ၊ ရွာသားတွေငါ့အရှေ့မှာ သရုပ်ဆောင်ခဲ့ကြတဲ့ ဇာတ်ဝင်ခန်း"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »حيث تعيش القصص. اكتشف الآن