အခန်း ၁၄၉: အစားဝင်ဖျော်ဖြေသူ

1.6K 356 33
                                    

{Unicode}

အခန်း ၁၄၉: အစားဝင်ဖျော်ဖြေသူ

ဇာတ်ကောင်တစ်ခုအတွက်နဲ့ အမေနဲ့သမီးကြားကရန်ပွဲ။

ဒါကပထမဆုံးအကြိမ်မဟုတ်ပေမဲ့ နောက်ဆုံးအကြိမ်ပဲဖြစ်လောက်တယ်။

"ရွာသူကြီး" နင်နင် ရွာသူကြီးကိုမေးလိုက်တယ်။ "ပိုင်ရှင်ကဘယ်လိုမျိုးဇာတ်ကောင်လဲ?"

မေမေအရမ်းသေချာနေတာက ဒီဇာတ်ကောင်ကို ဘယ်လိုသရုပ်ဆောင်ရမလဲဆိုတာကို သိနေလို့ပဲဖြစ်မယ်။ သူမကတော့ ဘယ်လိုမျိုးသရုပ်ဆောင်ရမလဲဆိုတာကို မသိတာကြောင့် သိတဲ့လူတွေကိုပဲ လိုက်မေးနိုင်တယ်။

"အရင်ကပြောဖူးတယ်မလား?" ရွာသူကြီးကဖော်ဖော်ရွေရွေ ပြောလာခဲ့တယ်။ "ဒီတိုင်းထိုင်ပြီးကြည့်နေရင်ရပြီ၊ အခြားဘာမှလုပ်စရာ မလိုဘူးလို့"

"...နားလည်ပါပြီ၊ ကျေးဇူးပါ"

အဲ့ဒါကသူ့ရဲ့ကိုယ်ရေးကိုယ်တာအမြင်ဖြစ်တယ်။ သူ့ရဲ့စိတ်ထဲမှာရှိတဲ့ ပိုင်ရှင်က တစ်စက်မှမလှုပ်ရှားတဲ့ အရုပ်တစ်ခုလိုပင်။

နင်နင်ဆက်ပြီးတော့ အဖြေသိလောက်တဲ့လူမှန်သမျှကို လိုက်မေးနေလိုက်တယ်။ အဆုံးမှာ သူတို့တစ်ယောက်ချင်းစီတိုင်းရဲ့ အဖြေတွေက ကွဲပြားလို့နေတယ်။ တစ်ယောက်က လေးနက်တည်ကြည်ဖို့ပြောပြီး အခြားတစ်ယောက်က ပန်းပွင့်လိုမျိုးပြုံးနေဖို့ပြောတယ်။ သေမျိုးတွေထက် မြင့်မြတ်ဟန်နဲ့ ချဉ်းကပ်ရမလွယ်တဲ့ပုံစံမျိုး သရုပ်ဆောင်ဖို့ ပြောတဲ့လူလည်းရှိတယ်။

ရုတ်တရက် ရင်းနှီးနေတဲ့အသံတစ်ခုက သူမရဲ့အနောက်ကနေထွက်ပေါ်လာတယ်။ "ဘာဖြစ်လို့ကိုယ့်ကိုမမေးတာလဲ?"

နင်နင်လှည့်ကြည့်လိုက်တော့ သူမရဲ့အနောက်မှာရပ်နေတဲ့ ဖေရွှမ်ကိုတွေ့လိုက်ရတယ်။

"မနေ့တစ်နေ့ကမှ ရွာကိုပြန်လာတာမဟုတ်ဘူးလား?" နင်နင်သူ့ကိုပြုံးပြလိုက်တယ်။ "ရှင်လည်းကျွန်မလိုမျိုး ဘာမှမသိတဲ့လူပဲလေ"

"ဟင့်အင်း၊ သိတယ်" ဖေရွှမ်ကရုတ်တရက် သူမအနားကိုလျှောက်လာတယ်။ နင်နင်အလိုအလျှောက် တုံ့ပြန်မှုကြောင့် အနောက်ကလမ်းကြိုကြားလေးထဲကို နောက်ဆုတ်သွားမိတယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now