အခန်း ၁၇၁: တစ္ဆေရဲ့စင်မြင့်

1.6K 341 16
                                    

{Unicode}

အခန်း ၁၇၁: တစ္ဆေရဲ့စင်မြင့်

မြို့မှာအကျဉ်းထောင်တစ်ခုသာရှိတယ်။

ဒီနေ့က ထောင်သားအသစ်တွေ ရောက်ရှိတဲ့‌နေ့ပင်။ ထောင်စောင့်တွေက အဝင်ဝမှာရပ်နေကြပြီး မျက်နှာဖုံးနဲ့လူတွေကလည်း ထောင်အဝင်ဝမှာ ရပ်စောင့်နေကြတယ်။

ရာသီဥတုက အနည်းငယ်ပူအိုက်စိုစွတ်နေတာကြောင့် သူတို့အားလုံး လက်တွေနဲ့ယပ်ခတ်ရင်း ညည်းညူလာကြတယ်။

"ဘာဖြစ်လို့အခုထိ ရောက်မလာသေးတာလဲ?"

ပထမပြည်သူ့ဆေးရုံတွင်တော့–

"ခဏ၊ ခဏစောင့်!" ကိုယ်လုံးကိုယ်ပေါက်ကြီးကြီး ယောကျ်ားတစ်ယောက်က သူ့ရဲ့အမေအိုကို ကျောပိုးထားရင်း ဓာတ်လှေကားဆီကိုပြေးလာလို့နေတယ်။

သန့်ရှင်းပြီးသွယ်လျတဲ့လက်တစ်ဖက်က တံခါးဖွင့်တဲ့ခလုပ်ကို ဖိနှိပ်ချပေးလာတယ်။

"ကျေးဇူးပါ၊ ကျေးဇူးပါ" ယောက်ျားကြီးက ဓာတ်လှေကားထဲပြေးဝင်ပြီး ထိုလက်ပိုင်ရှင်ကို ပြောလာခဲ့တယ်။

"ရပါတယ်" ဝမ်ယွီလက်ပြန်ရုတ်ကာ သူ့ကိုရည်ရည်မွန်မွန် ပြုံးပြလိုက်တယ်။

ဓာတ်လှေကားတံခါးပိတ်ကျလာပြီး ခဏတာအလေးချိန်မဲ့သွားသလို ခံစားချက်အပြီးမှာ စတင်ပြီးအပေါ်ကိုတက်လာခဲ့တယ်။

မှန်လိုပြောင်လက်နေတဲ့ ဓာတ်လှေကားရဲ့တံခါးနံရံက ဝမ်ယွီရဲ့အမူအရာမဲ့နေတဲ့မျက်နှာကို ရောင်ပြန်ဟပ်လို့နေတယ်။

အစက သူ အကျဉ်းထောင်ကိုသွားမယ်လို့ ရှီကျုံးထန်ကိုပြောထားခဲ့တာဖြစ်တယ်။

တကယ်တမ်းလည်း သူအဲ့ဒီကိုသွားမှာဆိုပေမဲ့ အခုတော့မဟုတ်သေးပေ။

"ထောင်ကဝင်ရခက်ပြီး ပြန်ထွက်ရလည်းခက်တယ်၊ ဒါပေမဲ့ဆေးရုံကတော့မတူဘူး" ဝမ်ယွီတွေးခဲ့တယ်။ "သေခါနီးလူတွေအများကြီးမှာ လူမုန်းများပြီးတော့ သေရမှာထက် တံခါးစောင့်ဖြစ်လာချင်တဲ့လူ တစ်ယောက်နှစ်ယောက်‌လောက်ကို ရှာတွေ့မှာပဲ"

ဆေးရုံ။ မွေးဖွားခြင်းတွေ၊ အိုနာခြင်းတွေ၊ သေဆုံးခြင်းတွေ စုစည်းနေတဲ့နေရာ။ ဒီနေရာမှာ စိုးရိမ်ပူပန်မှုကြောင့် မျက်မှောင်ကြုတ်ထားကြတဲ့လူတွေ၊ နာကျင်မှုကြောင့် အော်ဟစ်ငိုကြွေးနေတဲ့လူတွေ၊ ခုတင်ပေါ်မှာ အသက်ဆက်ရှင်နိုင်ဖို့ ရုန်းကန်နေကြတဲ့လူတွေ အများကြီးရှိတယ်။ သူတို့အားလုံးက တစ်ရက်လောက်ပဲဖြစ်ဖြစ် ဆက်ပြီးအသက်ရှင်နေနိုင်ဖို့ ဆုတောင်းနေကြတယ်။ သူဒီနေရာမှာ သင့်တော်တဲ့လူတစ်ယောက်ကို သေချာပေါက်ရှာတွေ့နိုင်လိမ့်မယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now