«ပထမ/ဇာတ်သိမ်း» အခန်း ၁၄: အဆုံးသတ်ကျိန်စာ

4.1K 766 168
                                    

{Unicode}

«ပထမ/ဇာတ်သိမ်း»
အခန်း ၁၄: အဆုံးသတ်ကျိန်စာ

"သမီးသေတ္တာကိုဘာလုပ်လိုက်လဲဆိုတာ ပါးပါးသိတယ်"

သူဌေးချူကနင်နင်ရဲ့လက်ကိုဆုပ်ကိုင်ကာ ပြောလာတယ်။ နင်နင်ကလက်သီးကျပ်ကျပ်ဆုပ်ကာ သူ့ကိုကြည့်ဖို့ငြင်းဆန်နေပေမဲ့လည်း သူကသူမရဲ့လက်ချောင်းတချို့ကိုဖြေလျော့နိုင်ခဲ့တယ်။

သူမရဲ့လက်ညှိုးထိပ်မှာဒဏ်ရာလတ်လတ်ဆတ်ဆတ်တစ်ခုကိုတွေ့ရတယ်။ ကြည့်ရတာမတော်တဆထိခိုက်မိထားပုံပင်။

"သမီးသစ်သားလူရုပ်တွေကိုထွင်းပြီး သေတ္တာထဲကဟာတွေနဲ့လဲချင်ခဲ့တာဟုတ်တယ်မလား?" သူဌေးချူသူမရဲ့လက်ညှိုးထိပ်ကို ညင်ညင်သာသာထိတွေ့ကာ မေးလာတယ်။

နင်နင်နာကျင်မှုကြောင့်အသက်ရှူသွင်းလိုက်ပြီး ရိုးရိုးသားသားပြန်ဖြေလိုက်တယ်။ "ဟုတ်တယ်"

"သေတ္တာကပေါ့လွန်းတယ်" သူဌေးချူပြောလာတယ်။ "အထဲမှာဘာတွေလဲ?"

"စာရွက်" နင်နင်ပြန်ဖြေတယ်။

"ဘာရေးထားလဲ?"

နင်နင်ကအတန်ကြာတိတ်ဆိတ်နေပြီးမှ တိုးတိုးလေးပြန်ဖြေလာတယ်။ "လူ"

သူဌေးချူကကူရာမရသလိုမျိုး ခက်ခက်ခဲခဲရယ်လိုက်တယ်။

"ကြည့်" သူကနင်နင်ရဲ့လက်ကိုဖြန့်စေကာ သူမလက်ပေါ်ကဒဏ်ရာတွေကိုကြည့်လိုက်တယ်။ "ကြင်နာမှုကဘယ်တော့မှကြင်နာမှုနဲ့ပြန်ပေးဆပ်မခံရဘူး၊ အဆုံးမှာ သမီးကပဲနာကျင်ရတဲ့သူဖြစ်လာလိမ့်မယ်"

သူပြောပြီးသွားတာနဲ့ သူမရဲ့လက်ကိုသူ့ပါးစပ်နားကပ်ကာ ကလေးကိုချော့မြူနေသလိုမျိုး လေနဲ့မှုတ်ပေးလာတယ်။ "နာသေးလား"

နင်နင်ခေါင်းခါပြီး မေးလိုက်တယ်။ "ပါးပါးအဲ့ဒါကိုဆက်လုပ်ဦးမှာလား?"

"... ပါးပါးပိုက်ဆံလိုတယ်" သူဌေးချူခဏလောက်တုံ့ဆိုင်းပြီးမှ ပြန်ဖြေလာတယ်။ "သမီးရဲ့အင်္ကျီလှလှတွေ၊ အစေခံတွေ၊ သမီးကိုကုပေးမယ့်သမားတော်တွေ၊ သမီးရဲ့အနာဂတ်ခင်ပွန်း၊ အဲ့ဒါတွေအားလုံးအတွက် ပိုက်ဆံလိုအပ်တယ်၊ ပါးပါးကသမီးကို ကြည့်အကောင်းဆုံးယောက်ျားတစ်ယောက်ဝယ်ပေးမယ်၊ သမီးစကားကိုနားထောင်မယ့်သူ..."

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now