အခန်း ၁၀၈: ဆာလောင်နေတဲ့အချစ်

2.6K 458 88
                                    

{Unicode}

အခန်း ၁၀၈: ဆာလောင်နေတဲ့အချစ်

ရှင့်အတွက်။

စကားလုံးသုံးလုံးလေးပဲကို ထုတ်ပြောဖို့အတွက် ဘာဖြစ်လို့ဒီလောက်တောင်ခက်ခဲနေရတာလဲ?

"စကားသုံးလုံးလေးပဲကို" ရှီကျုံးထန်က ချွဲ့နွဲ့စွာပြုံးလာတယ်။ "အဲ့လောက်ထိထုတ်ပြောဖို့ခက်လား? ဒီမှာ ကိုယ်နဲ့တူတူလိုက်ပြော– ရှီကျုံးထန်၊ ရှီကျုံးထန်၊ ရှီကျုံးထန်၊ ရှီကျုံးထန်..."

"ရှင်ကကျွန်မရဲ့သူငယ်ချင်းလေ" နင်နင်ဆင်ခြေတစ်ခုကို ဖြစ်သလိုရှာလိုက်တယ်။ "ဖေရွှမ်ကရှင့်ကိုဒီလိုဖြစ်အောင်လုပ်ခဲ့တာ၊ ကျွန်မဘယ်လိုလုပ်ပြီး သူ့ကိုလွယ်လွယ်နဲ့ လွှတ်ပေးလိုက်နိုင်မှာလဲ?"

"ဒီမှာနေရတာသိပ်မဆိုးလှပါဘူး" ရှီကျုံးထန်ကပေါ့ပေါ့ပါးပါး ပုခုံးတွန့်လာတယ်။ "ရုပ်ရှင်နေ့တိုင်းကြည့်လို့ရတယ်၊ တစ်ခါတစ်လေဆို စိတ်ဝင်စားဖို့ကောင်းတဲ့ လူတွေနဲ့လည်းတွေ့ရတယ်၊ ပြီးတော့လည်း ကိုယ်မင်းကိုပြောဖူးတာပဲ၊ ကိုယ်မင်းနဲ့မတွေ့ခဲ့ရရင်တောင်၊ ဖေရွှမ်နဲ့လည်း မတွေ့ခဲ့ဘူးဆိုရင်တောင်၊ ကိုယ်တစ်နည်းနည်းနဲ့ ဒီနေရာကိုရောက်ခဲ့ဦးမှာပဲ"

နင်နင်သူ့ကိုမကျေမနပ်ကြည့်လိုက်တယ်။ "ကျွန်မရှင့်အတွက်လုပ်ပေးခဲ့ရတာကို... ရှင်နည်းနည်းတောင် ဝမ်းမသာဘူးလား?"

သူမနောက်ဆုံးတော့ ဝန်ခံလိုက်မိပြီပဲ။

ကျွန်မရဲ့ကလဲ့စားက... ရှင့်အတွက်။

"ကိုယ်ချီးကျူးတာခံချင်လို့လား? ဒါပေါ့ဒါပေါ့၊ ချီးကျူးရမှာပေါ့" ရှီကျုံးထန်လက်ဆန့်ထုတ်ပြီး သူမကိုရင်ခွင်ထဲထည့်ကာ ချိုအီတဲ့စကားတွေကို လေသံလေးနဲ့ သူမရဲ့နားထဲပြောလာတယ်။

"...ကျွန်မလုပ်ခဲ့တာ ရှင်ချီးကျူးတာခံဖို့မဟုတ်ဘူး" နင်နင်သူ့ရင်ခွင်ကနေထွက်ဖို့ ရုန်းကန်လိုက်တယ်။ သူမအလောတကြီးထရပ်လိုက်တာကြောင့် သူမအနောက်ကထိုင်ခုံကို တိုက်မိသွားတယ်။

ဇယ်ဆက်သလိုမျိုး သူမအနောက်ကသစ်သားထိုင်ခုံတွေက တစ်ခုံပြီးတစ်ခုံလဲကျသွားကြတယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now