အခန်း ၁၅၆: စတုတ္ထဇာတ်ဝင်ခန်း

1.4K 321 1
                                    

{Unicode}

အခန်း ၁၅၆: စတုတ္ထဇာတ်ဝင်ခန်း

"ငါတို့တွေနှစ်တိုင်းနှစ်တိုင်း ဒီရွာကိုဘယ်လောက်တောင် လှူဒါန်းထားရလဲ? ကျန်တာဘာမှမလိုဘူး၊ ဒါလေးတစ်ခုပဲ တောင်းဆိုတာတောင် အဆင်ပြေပြေမလုပ်ပေးနိုင်ဘူးလား? ငါ့ရဲ့ချွေးနှဲစာတွေကိုပြန်ပေး!"

"တစ်လ! တစ်လတောင် ဒီရွာထဲမှာစောင့်နေရတာ! အခုချက်ချင်းဖြေရှင်းချက်ပေး!"

"ဟုတ်တယ်! ဖြေရှင်းချက်ပေး!"

ခံစားချက်တွေပိုပိုပြီးမြင့်တက်လာနေကာ ပရိသတ်တွေက ရွာသူကြီးကို ဆွဲဆုတ်ဖြဲချင်နေကြပုံပေါ်တယ်။ လူတိုင်းက မေးခွန်းတစ်ခုတည်းကိုသာ မေးနေကြတယ်– အော်ပရာဇာတ်ရုံကဘယ်မှာလဲ?

"စိတ်ငြိမ်ငြိမ်ထားကြပါ! အားလုံးပဲ၊ စိတ်အေးကြပါ!" ရွာသူကြီးက သူ့ရဲ့တုတ်ကောက်ကို ခပ်ကြမ်းကြမ်းရိုက်ချလာတယ်။ သူ့ရဲ့လက်ကျန်အာဏာကို ခြစ်ကုပ်အသုံးချရင်း အဆုံးမှာပရိသတ်တွေကို အနည်းငယ်ယာယီငြိမ်ကျသွားအောင် လုပ်နိုင်ခဲ့တယ်။ သူခေါင်းလှည့်ပြီး နင်ယွိရန်ကိုကြည့်လိုက်တယ်။ "ထပ်လုပ်ကြည့်"

နင်ယွိရန်ကသူပြောတဲ့အတိုင်း ထပ်ပြီးသရုပ်ဆောင်လာတယ်။ ဒါပေမဲ့ရလဒ်ကတော့ အတူတူပင်– ဘာမှမထွက်ပေါ်လာသလို ဘာမှမဖြစ်လာပေ။

လူအုပ်ကပြန်ပြီးရုတ်ရုတ်သဲသဲဖြစ်လာတယ်။ ဒီတစ်ခေါက်က ခုနကထက်တောင် ပိုပြီးအထိန်းအကွပ်မဲ့လို့နေတယ်။ သူတို့ကရွာသူကြီးကို ဟိန်းဟောက်နေကြရုံတင်မကဘဲ နင်ယွိရန်နဲ့ ကျန်တဲ့ဖျော်ဖြေသူတွေကို ဆွဲထည့်လာကြတယ်။

"သူမလုပ်နိုင်ရင် နောက်တစ်ယောက်ကိုလုပ်ခိုင်းလေ!" လူတစ်ယောက်က အရှေ့ကိုလက်ညှိုးထိုးပြီး အော်ပြောလာတယ်။ "သူနဲ့လူစားလဲပြီးထပ်လုပ်!"

လက်ညှိုးထိုးခံနေရတဲ့ နင်နင်က ဖြည်းဖြည်းချင်းခေါင်းမော့လာတယ်။

လက်တစ်ချောင်းက သူမကိုညွှန်ပြနေပြီး ရေတွက်လို့မရတဲ့ ခြေ‌ထောက်ပေါင်းများစွာက သူမဆီကိုပြေးလာလို့နေတယ်။ သူတို့ကသူမကိုဆွဲပြီး စင်မြင့်အနားကိုခေါ်လာကြတယ်။ သူတို့ထဲကတစ်ယောက်က ခုနတုန်းက စင်ပေါ်မှာဖြစ်သွားတဲ့ အဖြစ်အပျက်ကို မှတ်မိသွားသလိုမျိုး ဘေးဘီကိုကြည့်ကာ ပူပန်စွာနဲ့ပြောလာတယ်။ "အားလုံးပဲ၊ ဖြည်းဖြည်း၊ ဖြည်းဖြည်း၊ နင်ချင်ငါတို့ကြောင့်နဲ့ စိတ်အနှောင့်အယှက်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ? ငါခံစားမိတာ သူငါတို့ကိုကြည့်နေသလိုပဲ..."

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now