အခန်း ၁၆၅: အဖြူအမည်း

1.5K 326 12
                                    

{Unicode}

အခန်း ၁၆၅: အဖြူအမည်း

"ဒါမှမဟုတ်..." နင်နင်မေးလိုက်တယ်။ "ရှင်ဒီကိုလာတာ ကျွန်မကိုသတ်ဖို့လား?"

ဝမ်ယွီကဘာမှပြန်မပြောဘဲ နင်နင့်ကိုသာကြည့်လို့နေတယ်။

"မစ္စတာယုန်နဲ့ယှဉ်ရင် ကျွန်မက ပိုကောင်းတဲ့ ရွေးချယ်မှုဖြစ်နေမှာပေါ့၊ ဟုတ်တယ်မလား?" နင်နင်သူ့ကိုဖြည်းဖြည်းချင်း မော့ကြည့်လိုက်တယ်။ "မစ္စတာယုန်က ဒီတိုင်းမျက်နှာဖုံးနဲ့လူတွေ အများကြီးထဲက တစ်ယောက်ပဲဖြစ်ပေမဲ့ ကျွန်မကတော့ အဲ့ဒီမျက်နှာဖုံးနဲ့လူတွေအများကြီးရဲ့ ခေါင်းဆောင်လေ"

ဝမ်ယွီကဝန်မခံလာပေမဲ့ ငြင်းလည်းမငြင်းဆိုလာပေ။

နင်နင့်ရဲ့နားလည်မှုအရတော့ တိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းပဲဖြစ်တယ်။

"ဒါပေမဲ့ရှင်အဲ့လိုမလုပ်နိုင်ပါဘူး" နင်နင်သူ့ကိုပြုံးပြလိုက်တယ်။

သူမပြောပြီးတာနဲ့ လည်ပင်းပေါ်က အေးစက်စက်ခံစားချက်တစ်ခုကို ခံစားလိုက်ရတယ်။

စားပွဲသုံးဓားတစ်ချောင်းက သူမရဲ့လည်ပင်းပေါ်မှာ အလျားလိုက်ရှိလို့နေတယ်။

"ကျွန်တော်အခု ခင်ဗျားကိုသတ်လိုက်ရင် ခင်ဗျားက ကျွန်တော့်ရဲ့မှတ်ဉာဏ်ထဲက နင်နင် ဖြစ်လာတော့မှာမဟုတ်ဘူး" ဝမ်ယွီကဓားကိုကိုင်ထားပြီး နင်နင့်ကိုရှင်းပြနေတာနဲ့တူသလို သူ့ကိုယ်သူ စကားပြန်ပြောနေတာနဲ့လည်းတူတဲ့ အမူအရာနဲ့ပြောလာတယ်။ "အဲ့လိုဆိုရင် ခင်ဗျားအမှားတွေအများကြီး လုပ်မိတော့မှာမဟုတ်ဘူး၊ ခင်ဗျားက အနာဂတ်ကခင်ဗျားလိုမျိုး ဖြစ်လာတော့မှာမဟုတ်ဘူး"

သူမရဲ့လည်ပင်းပေါ်တင်ထားတဲ့ စားပွဲသုံးဓားက ရေခဲလိုမျိုး အေးစက်လို့နေတယ်။

နင်နင်မျက်လွှာချလိုက်တယ်။ ထူးဆန်းတယ်၊ သူမဘာဖြစ်လို့ ကြောက်ရွံ့မှုကို မခံစားမိတာလဲ?

ခဏတာစဉ်းစားအပြီးမှာ သူမနားလည်လိုက်တယ်။

ယုံကြည်မှုအပြည့်နဲ့အကြည့်တစ်စုံက ဝမ်ယွီ့အပေါ်ကို စိုက်ကျလို့လာတယ်။ နင်နင်ညင်ညင်သာသာ ပြောလိုက်တယ်။ "ရှင်မလုပ်နိုင်ပါဘူး"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now