အခန်း ၄၉: အဖိုးအခ

2.6K 583 66
                                    

{Unicode}

အခန်း ၄၉: အဖိုးအခ

ဘဝရုပ်ရှင်ရုံက ဘေးပတ်ဝန်းကျင်မှာရှိတဲ့တိုက်ခန်းအဆောက်အအုံတွေကနေကွဲထွက်လို့နေတယ်။ အဝင်ဝမှာရှိနေတဲ့တံခါးစောင့်က ပိုပြီးတော့တောင်ကွဲထွက်လို့နေသေးတယ်။ သူကရုပ်ရှင်ရုံစီးပွားဖြစ်ဖြစ်မဖြစ်ဖြစ်ကိုဂရုစိုက်ပုံမပေါ်ဘဲ အမြဲတမ်းသုန်မှုန်လို့နေတယ်။

"မင်းမှာလက်မှတ်မရှိဘူး၊ ဝင်လို့မရ..." တံခါးစောင့်စကားတစ်ဝက်မှာ အရှေ့ကလူရဲ့လက်ထဲကရုပ်ရှင်လက်မှတ်ပေါ်ကို အကြည့်ရောက်သွားတယ်။

အဲ့ဒါကသာမန်လက်မှတ်မဟုတ်ပေ။ အဲ့ဒါကစုံဂဏန်းပညတ်ထားတဲ့လက်မှတ်မဟုတ်သလို မဂဏန်းပညတ်ထားတဲ့လက်မှတ်တောင်မဟုတ်ပါချေ။

အဲ့ဒါကအလွန်ထူးခြားတဲ့လက်မှတ်ဖြစ်တယ်။

လက်မှတ်အပေါ်မှာခေါင်းတစ်လုံးပုံကိုတံဆိပ်ရိုက်ထုထားတယ်။ ထိုခေါင်းက ယောက်ျားတစ်ယောက်ရဲ့ပုံတူဖြစ်တယ်။ အနီးကပ်ကြည့်ကြည့်မယ်ဆိုရင် နာမည်တစ်ခုကိုပါတွေ့ရမှာဖြစ်တယ်: ကျိုးအိုက်ကော်။

တံခါးစောင့်ကထိုလက်မှတ်ကိုတစ်ချက်ကြည့်ပြီး မြန်မြန်ပြန်မော့ကြည့်လာတယ်။ "အဲ့ဒီလက်မှတ်ကိုဘယ်ကနေရလာတာလဲ?"

"လူတစ်ယောက်ပေးတာ" ရှီကျုံးထန်ကအပြုံးနဲ့ပြောလိုက်တယ်။

"အဲ့ဒီလူဘယ်မှာလဲ?" တံခါးစောင့်ကထိုင်နေရာကနေ မတ်တပ်ထရပ်လိုက်တယ်။

"သူထွက်ပြေးသွားပြီ၊ ဒါပေမဲ့အဝေးကြီးမရောက်လောက်သေးပါဘူး၊ တစ်နေနေရာကနေ ကျုပ်တို့ကိုချောင်းကြည့်ရင်ကြည့်နေမှာပေါ့" ရှီကျုံးထန်ကဘေးပတ်ပတ်လည်ကိုဝေ့ကြည့်လိုက်တယ်။ ပြီးတော့တစ်နေရာကိုမေးငေါ့ပြလိုက်တယ်။ "အဲ့မှာသူမဟုတ်လား?"

အဖြူရောင်အရိပ်တစ်ခုက လမ်းမီးတိုင်ဘေးကနေဖြတ်ပြေးသွားတယ်။ အဲ့ဒါကပြုံးနေတဲ့မျက်နှာဖုံးဖြစ်တယ်။ သူကရှီကျုံးထန်ကိုတစ်ချက်လှမ်းကြည့်ပြီးနောက်မှာ အသက်လုပြေးတော့တယ်။ အဆုံးမှာတော့ သူလမ်းပေါ်ကိုခလုတ်တိုက်လဲကျသွားတယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now