အခန်း ၁၃၆: ဗိုင်းရပ်စ်လိုမျိုးပျံ့နှံ့သွားခြင်း

1.9K 367 11
                                    

{Unicode}

အခန်း ၁၃၆: ဗိုင်းရပ်စ်လိုမျိုးပျံ့နှံ့သွားခြင်း

ကောလဟာလတွေ ဘယ်လောက်ပဲပျံ့နေပါစေ၊ ပြစ်မှုတွေ ဘယ်လောက်ပဲဖြစ်နေပါစေ၊ ဒါရိုက်တာချန်ဆိုတဲ့လူ အသက်ရှင်နေသေးသ၍ ရိုက်ကူးရေးက ရပ်မှာမဟုတ်ပေ။

"အက်ရှင်!"

တံခါးပွင့်ဟလာပြီး အနီရောင်ဒေါက်ဖိနပ်ဝတ်ဆင်ထားတဲ့ ခြေထောက်တစ်စုံက တံခါးဝမှာရပ်လို့နေတယ်။

အခန်းကဗလာဖြစ်နေကာ အရင်တုန်းကရှိခဲ့တဲ့ နံရံပေါ်က တန်ဖိုးကြီးပန်းချီကားတွေ၊ ကြမ်းပြင်ပေါ်က အနောက်တိုင်းပရိဘောဂတွေ၊ ပြတင်းပေါက်ဘေးက ငှက်လှောင်အိမ်တွေ အားလုံးကို အကြွေးရှင်တွေ လာသိမ်းသွားကြပြီဖြစ်တယ်။ အဖြူရောင်ဘောင်ချာစာရွက်တွေကသာ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲလို့နေတယ်။

ချန်ရွှမ်းဟယ်က ထိုစာရွက်တွေပေါ်မှ လှဲလျောင်းနေပြီး အနီရောင်ဒေါက်ဖိနပ်တစ်စုံက သူ့ရဲ့နံဘေးကို လျှောက်လှမ်းလာခဲ့တယ်။ သူမျက်လုံးတွေဖွင့်ကာ သူမကိုကြည့်လိုက်တယ်။ "...မင်းလည်းငါ့ကိုဟာသလာလုပ်တာလား?"

နင်နင်ဖြည်းညင်းစွာ ဆောင့်ကြောင့်ထိုင်ချလိုက်တယ်။ သူမရဲ့လက်ညှိုးနဲ့ သူ့ရဲ့ခြောက်သွေ့ပြီး သွေးစွန်းနေတဲ့ နှုတ်ခမ်းတွေကို ထိတွေ့လိုက်တော့ သူကနာကျင်မှုကြောင့် မျက်မှောင်ကြုတ်လာခဲ့တယ်။ သူမလက်ပြန်ရုတ်ကာ လက်ညှိုးထိပ်က သွေးစွန်းရာကိုငုံ့ကြည့်ပြီး ဖြည်းဖြည်းချင်းလျက်ယူလိုက်တယ်။

ချန်ရွှမ်းဟယ်တံတွေးမျိုချမိသွားတယ်။ သူ့ရဲ့အသံက အောရှလို့နေတယ်။ "အရသာရှိလား?"

နင်နင်ပြန်မဖြေပါချေ။ သူမခေါင်းကိုသာငုံ့ကာ သူ့ကိုနမ်းရှိုက်လာခဲ့တယ်။

သူစစမှာငြင်းဆိုနေပေမဲ့ သူ့ရဲ့အသက်ရှူနှုန်း တဖြည်းဖြည်းမြန်ဆန်တာနဲ့အမျှ အနမ်းကလည်း ပိုပြီးနက်ရှိုင်းလာခဲ့တယ်။ သူရုတ်တရက်လက်ဆန့်ထုတ်ကာ သူမကိုပွေ့ဖက်လိုက်တယ်။ သူတို့နှစ်ယောက် ကြမ်းပြင်ပေါ်မှာလိမ့်သွားကြပြီး နောက်ဆုံးမှာ သူမရဲ့ကိုယ်ပေါ်ကို သူအုပ်မိုးလာခဲ့တယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now