အခန်း ၈၁: အပြစ်အနာအဆာ

2.3K 460 13
                                    

{Unicode}

အခန်း ၈၁: အပြစ်အနာအဆာ

သခင်မလေးဆိုတာ ပုံစံအမျိုးမျိုးရှိနိုင်တယ်။

မုကွားကိုရှုပ်ထွေးအောင်လုပ်ဖို့အတွက် မုအာနဲ့ဆန့်ကျင်ဖက်အဖြစ်ဆုံး သခင်မလေးပုံစံကို နင်နင်သရုပ်ဆောင်ရမှာဖြစ်တယ်။

မြင့်မြတ်တယ်၊ ပညာတတ်တယ်၊ စက္ကန့်တိုင်းမှာ အပြုအမူတိုင်းက ကျက်သရေရှိနေတယ်၊ တစ်ဖက်လူကို မျက်လုံးထဲတည့်တည့်စိုက်ကြည့်နိုင်တယ်– ယန့်ချင်လိုမျိုးပဲ။

နင်နင်မြန်မြန်ဆန်ဆန်ပဲ သူမရဲ့ထိုင်နေဟန်ထားနဲ့ အမူအရာကိုပြောင်းလဲလိုက်တယ်။ သူမခေါင်းလှည့်ကာ ဖေရွှမ်ကိုကြည့်ပြီး သခင်မလေးတစ်ယောက်ရဲ့ဟန်နဲ့ မေးလိုက်တယ်။ "သူက?"

"အိမ်စေအသစ်ပါ" ဖေရွှမ်ကသူမကို စိတ်ဝင်စားတဲ့အမူအရာနဲ့ကြည့်လာတယ်။ "သခင်မလေးဘယ်လိုထင်လဲ?"

နင်နင်ခေါင်းပြန်လှည့်ပြီး မုကွားကိုကြည့်ကာ ပြုံးပြလိုက်တယ်။ "နင့်ကိုကြည့်ရတာငယ်သေးမယ့်ပုံပဲ၊ အသက်ဘယ်လောက်လဲ?"

"...ဆယ့်ခြောက်ပါ" မုကွားပြန်ဖြေလာတယ်။ သူ့ရဲ့မျက်လုံးတွေက သူမရဲ့ဒူးနှစ်ဖက်ပေါ်က လက်တွေကိုသာစိုက်ကြည့်လို့နေတယ်။

ဒါပေမဲ့နင်နင် ကိုယ်နေဟန်ထားပြုပြင်လိုက်ကတည်းက လက်တွေကိုလှန်လိုက်ပြီဖြစ်တယ်။

သူမရဲ့လက်ဖဝါးနှစ်ဖက်က အပေါ်ဘက်ကိုလှန်ထားကာ လက်ဖမိုးနှစ်ဖက်ကိုတော့ စကတ်နဲ့ထိကပ်နေစေပြီး သူမရဲ့လက်ကဒဏ်ရာတွေကို ဖုံးကွယ်လို့ထားတယ်။

သူမလက်ကိုလာဆွဲလှန်ကြည့်တာကလွဲရင် သူမဘယ်သူလဲဆိုတဲ့လက္ခဏာတွေကို သူရှာတွေ့နိုင်မှာမဟုတ်ပါချေ။

"အဲ့ဒီအသက်က ကျောင်းမှာရှိနေရမှာမဟုတ်ဘူးလား?"နင်နင်ညင်ညင်သာသာမေးလိုက်တယ်။ သူမရဲ့အသံမှာ သနားကရုဏာအနည်းငယ်သာပါပြီး အထက်တန်းစားလူက သူ့ထက်နိမ့်ပါးတဲ့လူကိုပြောနေတဲ့ လေယူလေသိမ်းကသာ ပိုပြီးစိုးမိုးလို့နေတယ်။ "ငယ်ငယ်ရွယ်ရွယ်လေးနဲ့ အလုပ်လုပ်နေရတာ၊ နင့်မိသားစုမှာ တစ်ခုခုဖြစ်သွားလို့လား?"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now