အခန်း ၅၄: ထာဝရအချစ်ဦး

3.3K 669 199
                                    

{Unicode}

အခန်း ၅၄: ထာဝရအချစ်ဦး

"မင်းက..."

သူ့ရဲ့အသံကတဖြည်းဖြည်းဝေးကွာသွားတယ်။

သူ့ရဲ့ပုံရိပ်ကလည်းတဖြည်းဖြည်းဝေးကွာသွားလို့နေတယ်။

လောကကြီးကဘေးနှစ်ဖက်နှစ်ချက်ကနေပိတ်ကျလာတဲ့ဇာတ်ခုံလိုက်ကာလိုမျိုး ကျဉ်းမြောင်းကာမှောင်မိုက်လာခဲ့တယ်။

နင်နင်မျက်လုံးတွေကိုဖွင့်လိုက်တယ်။

သူမကရုပ်ရှင်ရုံထိုင်ခုံပေါ်မှာထိုင်နေကာ အဖွင့်သီချင်းကအခုလေးတင်ပြီးဆုံးလို့သွားတယ်။ <ပန်းချီကားထဲကလူ>ရုပ်ရှင်စတင်လာတယ်။

ပိတ်ကားချပ်ပေါ်မှာ ရှီကျုံးထန်ကသစ်သားခေါင်မိုးအောက်ကစင်္ကြံလမ်းမှာရပ်နေပြီး နင်နင်နဲ့ဝမ်ယွီထွက်သွားတာကိုကြည့်လို့နေတယ်။ ပြီးတော့သူ့လက်ထဲက ဝမ်ယွီချန်သွားတဲ့ပန်းချီစာအုပ်ကိုငုံ့ကြည့်ကာ စာရွက်တွေကိုလှန်လိုက်တယ်။

နင်နင်ရဲ့ပုံကရုပ်လုံးမပေါ်သေးပေ။ သူမရဲ့ဘေးကနွယ်ပန်းတွေနဲ့သစ်သားတိုင်လုံးတွေက အကြမ်းဖျင်းကောက်ကြောင်းပေါ်နေတယ်။ သစ်သားတိုင်လုံးတစ်ခုရဲ့အနောက်ကနေပြူထွက်နေတဲ့အရာက သိပ်ပြီးမရှင်းလင်းတဲ့မျက်နှာဖုံးတစ်ခုဖြစ်တယ်။

ရှီကျုံးထန်ခေါင်းလှည့်ကာကြည့်လိုက်တယ်။ သူနဲ့သိပ်မဝေးတဲ့သစ်သားတိုင်လုံးရဲ့အနောက်ဘက်မှာ မျက်နှာဖုံးတစ်ခုကချောင်းကြည့်လို့နေတယ်။ ထိုပြုံးနေတဲ့မျက်နှာဖုံးကသူ့ကိုပြောလာတယ်။ "ငါတို့အပေးအယူတစ်ခုလုပ်ရအောင်"

ပြုံးနေတဲ့မျက်နှာဖုံးနဲ့လူက ရုပ်ရှင်လက်မှတ်တစ်ခုကိုထုတ်ပေးလာတယ်။ အဲ့ဒီအပေါ်မှာအမျိုးသားတစ်ယောက်ရဲ့ပုံတူ တံဆိပ်ခေါင်းတစ်ခုထုထားတာကိုတွေ့ရတယ်။

"ဒီလူကိုကယ်ပေး" ပြုံးနေတဲ့မျက်နှာဖုံးနဲ့လူကပြောလာတယ်။ "ကယ်ပေးရင်မင်းကိုသူ့ရဲ့လျှို့ဝှက်ချက်ပြောပြမယ်- သူမင်းကိုဘာဖြစ်လို့ငြင်းနေရတာလဲဆိုတဲ့လျှို့ဝှက်ချက်"

နင်နင်ထိုအခန်းကိုကြည့်ရင်း ရေရွတ်လိုက်မိတယ်။ "မလုပ်နဲ့"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Unde poveștirile trăiesc. Descoperă acum