အခန်း ၅၇: ခက်ခဲမှုလျှော့ချထားတာ?

2.8K 563 22
                                    

{Unicode}

အခန်း ၅၇: ခက်ခဲမှုလျှော့ချထားတာ?

"သုံးမိနစ်..." ချန်ရွှမ်းဟယ်ခေါင်းငုံ့ကာရေရွတ်လိုက်တယ်။

"ချန်ကော ဘာတွေတိုးတိုးတိုးတိုးပြောနေတာလဲ?" သူ့ဘေးနားမှာရပ်နေတဲ့လူသစ်လေးကစပ်စုလာတယ်။

"ဘာမှမဟုတ်ပါဘူး" ချန်ရွှမ်းဟယ်နွေဦးလေပြည်လိုအပြုံးကိုတပ်ဆင်ပြီး ခေါင်းပြန်မော့လိုက်တယ်။

လူသစ်လေးတွေးလိုက်တယ်။ ငါလျှောက်မြင်နေတာနေမှာပါ။ ချန်ကောကအနုပညာလောကတစ်ခုလုံးမှာ ရည်မွန်မြင့်မြတ်တဲ့လူအဖြစ်အသိအမှတ်ပြုခံထားရတာ။ သူကဘယ်လိုလုပ်ပြီး ကြောက်ဖို့ကောင်းတဲ့အမူအရာမျိုးကိုလုပ်မှာလဲ? ပြီးတော့ ချန်ရွှမ်းဟယ်ကိုပြောလိုက်တယ်။ "ချန်ကော ကျွန်တော်တော့ဒုက္ခရောက်ပြီထင်တယ်"

သူတို့နှစ်ယောက်ကအနည်းငယ်ခင်ကြတာကြောင့် ချန်ရွှမ်းဟယ်ညင်သာစွာမေးလိုက်တယ်။ "ဘာဖြစ်လို့လဲ?"

"နင်နင်လေ၊ အမှိုက်ရုပ်ရှင်တွေရဲ့ဘုရင်မ" လူသစ်လေးကလေသံနဲ့ဆက်ပြောလာတယ်။ "ခဏနေရင်ကျွန်တော်တို့ အခန်းတစ်ခုတူတူရိုက်ရတော့မှာ၊ ယန်ယွဲ့နဲ့ရိုက်တုန်းက NGအခါ၂၀လောက်မိနေလို့ ကျွန်တော်ကြမ်းပြင်ပေါ်ဒူးထောက်နေရင်း အိပ်ပျော်ခါနီးပါဖြစ်ခဲ့တာ၊ အခုနင်နင်နဲ့ဆိုရင် ကျွန်တော်ကြမ်းပြင်ပေါ်မှာလှဲပြီး အိပ်နေရတော့မှာမဟုတ်ဘူးလား?"

ထပ်ပေါ်လာပြန်ပြီ! နတ်ဆိုးလိုအမူအရာ!

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?" ချန်ရွှမ်းဟယ်ရဲ့နတ်ဆိုးလိုအမူအရာက အလင်းအလျင်နဲ့ပြန်လည်ပျောက်ကွယ်သွားကာ သူ့ရဲ့အပြုံးကပြန်ပြီးနူးညံ့သွားပြန်တယ်။ "သူကမင်းပြောသလောက်လည်းမဆိုးပါဘူး"

လူသစ်လေးက နင်နင်အကြောင်းပြောဖို့တောင်သတိမရတော့ပေ။ သူတကယ်ထင်ယောင်ထင်မှားတွေဖြစ်နေတာလား? မျက်စိဆရာဝန်သွားပြသင့်နေပြီလား?

"ရပြီ အချိန်ကျတော့မယ်၊ သွားရအောင်" ချန်ရွှမ်းဟယ်သူ့ပုခုံးကိုပုတ်လိုက်တယ်။ ပြီးတော့သူခါးကိုင်းကာ လူသစ်လေးရဲ့နားထဲကိုလေသံနဲ့ပြောလိုက်တယ်။ "အိုး ပြီးတော့သူကတကယ်တော်တယ်နော်"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Onde as histórias ganham vida. Descobre agora