Ch -61.1

1.4K 137 1
                                    

အခန်း ၆၁ အပိုင်း ၁

ဝေလသံတမန်များက ဆောင်းဦးပွဲတော်ရာသီအချိန်အထိ မြို့တော်တွင် ရှိနေဆဲဖြစ်သောကြောင့် ဧကရာဇ်မင်းက ပွဲကြီးတစ်ပွဲကျင်းပပေးခဲ့သည်။

မြို့တော်ရှိ အရာရှိများက သူတို့၏ ရာထူးအဆင့်ကို မခွဲခြားဘဲ သူတို့၏ မိသားစုများနှင့် ပူးပေါင်းပါဝင်နိုင်သည်။ ဤသည်မှာ အောက်ခြေအရာရှိများအတွက် ဧကရာဇ်မင်းရှေ့မှောက်တွင်ရှိနိုင်ရန်မှာ ရှားရှားပါးပါးအခွင့်အရေးတစ်ခုဖြစ်သည်။

အဲ့တာကြောင့် အချိန်အတော်ကြာအောင် ဧကရာဇ်ကျင်းပမည့်ပွဲ၏ဂုဏ်သတင်းက မြင့်တက်နေခဲ့သည်။ ပွဲကျင်းပသည့်နေ့တွင်၊ ဝေလသံတမန်များက မကြုံစဖူး စိတ်လှုပ်ရှားမှုများဖြင့် အံသြနေကြသည်။ နောက်ဆုံးတွင်၊ တာ့ကျိုးက အလွန်စည်ကားပြီး ကြီးပွားချမ်းသာကြောင်းကို သူတို့ သိရှိခဲ့ကြပြီး မြို့တော်တွင် အရာရှိများစွာလည်း ရှိနေသည်။ ဒီနားလည်မှုက သူတို့အတွက် အရှက်ကွဲစေခဲ့သည်။

သူတို့ တွေ့ကြုံခဲ့ရတဲ့ တိုက်ပွဲက ဆင်တစ်ကောင်ကို လှုပ်ခါနေတဲ့ ပုရွက်ဆိတ်နဲ့ တူနေတယ်ဆိုတာ အခုမှ သဘောပေါက်သွားကြသည်။

နန်းတော်မှာ လူတွေ အများကြီး လည်ပတ်နေကြပေမယ့် ရှောင်းယိုနဥ်ကတော့ နန်းတော်ထဲကို ဝင်ဖို့ ပျင်းရိလွန်းနေခဲ့သည်။

မင်းသားအားမော့က ဘာလုပ်မယ်ဆိုတာကို သူမ မသိနိုင်တဲ့အတွက် အပြင်ကိုတောင် မထွက်ဖြစ်ခဲ့ဘူး။ အိမ်ထောင်မပြုခင်မှာ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကနေ တက်နိုင်သမျှ ရှောင်ရှားနေခဲ့သည်။

ထိုလူရိုင်းများက အခြားမည်သည့်အစီအစဥ်များကို ရေးဆွဲထားသည်ကို မည်သူမှ မသိနိုင်ပေ။

မင်းသားအားမော့ကလဲ လက်မလျှော့သေးပါဘူး။ သူက ယဲ့ရှန်းကို ကြောက်သော်လည်း သူက တိုင်းပြည်တစ်ခု၏ မင်းသားတစ်ဦးဖြစ်သည်။ ထိုကြောင့် သူက တရားဝင်ရာထူးမရှိခဲ့သော ယဲ့ရှန်းထက် ပိုကောင်းမွန်သည်။ နဥ်ယွမ်မှူးမတ်ရဲ့သမီးကို ကယ်တင်ဖို့ သူ့အတွက် အခြေအနေကို ဖန်တီးနိုင်သရွေ့တော့ သူမကို လက်ထပ်ဖို့ စိတ်ပူနေစရာ မလိုပါဘူး။ ထိုအရာက ဧကရာဇ်က ဝေလကို အနည်းငယ် ပိုကောင်းအောင် ဆက်ဆံစေပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုကို လွယ်ကူစေမည်ဖြစ်သည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now