Ch- 51.1

1.7K 208 6
                                    

အခန်း ၅၁ အပိုင်း ၁

နဥ်ယွမ်မှူးမတ်က သူ့သမီး၏မေးခွန်းကြောင့် ခဏတာ စကားမပြောနိုင်ခဲ့ပေ။ သူမ၏ အသားအရေက ဖြူဖျော့လာသည်ကို သူ မြင်လိုက်ရတော့ သက်ပြင်းချလိုက်ပြီး "သူပို့လိုက်တဲ့စာက သူ့လက်ရေးနဲ့ သူကိုယ်တိုင် ရေးထားတာပဲ၊ အရမ်းကို သေသေချာချာ ရေးထားတာဆိုတော့ သူ စာရေးဖို့ အချိန်သေချာရပြီး အရေးကြီးတဲ့ အခြေအနေမှာ မဟုတ်လောက်ဘူး၊ ဒါပေမယ့် ချိန်းထားတဲ့အချိန်မှာတော့ သူ ရောက်မလာဘူး၊ ကျန့်ယင်က သွေးအလိမ်းလိမ်းနဲ့ ရောက်လာတာ၊ သူ့နောက်မှာ ပန်းထိုးဝတ်စုံဝတ်အစောင့်တပ်က လူတစ်ချို့ပါလာတယ်"

"ခု ကျန့်ယင်က ဘယ်မှာလဲ" ရှောင်းယိုနဥ်၏လက်များ တုန်ယင်လာသည်။ သူမ သတိမထားမိဘဲ မတ်တပ်ထရပ်လိုက်ပြီး အသံထွက်လာသည်။

သူမ၏ ထိတ်လန့်မှုကြောင့် နဥ်ယွမ်မှူးမတ်က ပို၍ပင် သက်ပြင်းချချင်လာသည်။ "ကျန့်ယင်က ဘာမှမပြောဘူး၊ ပန်းထိုးဝတ်စုံဝတ်အစောင့်တပ်က လူတစ်ယောက်ကို မြို့တော်ကို သတင်းပို့ဖို့ ပြန်လွှတ်လိုက်တယ်၊ သူကတော့ နောက်ပြန်လှည့်ပြီး ဝေလနယ်ဘက်ကို ပြန်ထွက်သွားတယ်"

"အဲ့ဒါက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလား?" ရှောင်းယိုနဥ်က အရာအားလုံးကို နားလည်လာခဲ့သည်။ ယဲ့ရှန်းက ရန်သူတိုင်းပြည်မှာ နေ နေသည့်အချိန်အတွင်း ကျန့်ယင်ကို စာပို့ပေးဖို့ တောင်းဆိုခဲ့သည်။

"လွန်ခဲ့တဲ့ နှစ်ရက်က"

ရှောင်းချီယဲ့က သူ့ညီမလေး တကယ်ကို စိုးရိမ်နေတာ မြင်လိုက်ရပြီး သူက လက်ကို ဆန့်ထုတ်လိုက်ပြီး သူမကို လှမ်းဆွဲလိုက်သည်။ "ဆေးကို မြန်မြန်လိမ်းပေးလေ.. အရမ်းနာတယ်"

သူမအစ်ကိုရဲ့ဒဏ်ရာကို ပတ်တီးပြန်စည်းပေးရင်း သားအဖသုံးယောက်သား တိတ်ဆိတ်နေခဲ့သည်။ စစ်သည်တစ်ယောက်က သူတို့အတွက် အစားအစာတွေကို လာပို့ပေးတဲ့အခါ နဥ်ယွမ်မှူးမတ်က သူမကို အနည်းငယ်စားခိုင်းပြီး ခနနေတော့ စိတ်တည်ငြိမ်အောင် အနားယူခိုင်းလိုက်သည်။ "ငါ ဝေလနယ်မှာရှိနေတဲ့ သူလျှိုတွေကို အခြေအနေကို စုံစမ်းခိုင်းထားပြီးပြီ၊ မနက်ဖြန်လောက်ဆိုရင် နောက်ဆုံးအခြေအနေနဲ့ အချက်အလက်အသစ်တွေကို ငါတို့ ရနိုင်တယ်"

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now