Ch -18.3

1.5K 165 0
                                    

အခန်း ၁၈ အပိုင်း ၃

ရှောင်းယိုနဥ်က ချင်ဖုန်းတာအိုဘုရားကျောင်းသို့ သွားရာလမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သည်။

ကျောင်းရှေ့ရောက်တော့ သူမက တံခါးကိုခေါက်လိုက်သည်။ တာအိုသီလရှင်က သူမကိုတွေ့တာနဲ့ အံ့သြတကြီး ပြန်ဖြေပြီး သူမကို အထဲဝင်ဖို့ ဖိတ်ခေါ်ခဲ့သည်။

သူမက " တာအိုဘုန်းကြီးဝူယဲ့က အထဲမှာရှိလား"

တာအိုသီလရှင်က တာအိုဘုန်းကြီးဝူယဲ့က မည်သူဖြစ်သည်ကို နားလည်ရန် အချိန်အတော်ကြာစဥ်းစားပြီးမှ ခေါင်းယမ်းလိုက်တယ်။ "သူ ဒီမှာ မရှိဘူး"

"တာအိုဘုရားကျောင်းရဲ့သခင်က တရားအားထုတ်နေတာဆိုရင် ကျွန်မ ဝင်လာပြီး သူ့ကို မနှောင့်ယှက်မိတာ ပိုကောင်းမယ်။ အပြင်မှာပဲ သူ့ကိုစောင့်နေမယ်။ ကျွန်မ သီလရှင်ကြီးကို ဒုက္ခပေးခဲ့မိပြီ။"

ရှောင်းယိုနဥ်က တာအိုသီလရှင်ကို ပြုံးပြပြီး အသိပေးလိုက်သည်။ တာအိုသီလရှင်က ခနတော့ တုံ့ဆိုင်းသွားပေမယ့် သူမက ရှောင်းယိုနဥ်ရဲ့ခါးမှာချိတ်ထာတဲ့ သစ်သားသင်္ကေတလေးကို တစ်ချက်ကြည့်လိုက်ပြီး တံခါးကို ပိတ်လိုက်သည်။

တကယ်တော့ သူမဝင်ချင်ရင် အချိန်မရွေး ဝင်လို့ရပါတယ်။

ရှောင်းယိုနဥ်က လှေကားထစ်များပေါ်တွင် လက်ကိုင်ပုဝါကို ဖြန့်ကာ ယွမ်ကော်နဲ့အတူ ထိုင်ရင်း ယဲ့ရှန်းကို စောင့်ဆိုင်းနေခဲ့သည်။

နေရောင်က ကောင်းကင်အလယ်ကို ရောက်တဲ့အထိ ဘယ်သူမှ မရောက်လာဘူး။ ထိုအချိန်တွင်၊ တာအိုသီလရှင်က ရေလာပို့ပေးဖို့ ရောက်ရှိလာပြီး ခေတ္တအထဲဝင်ပြီး စောင့်ချင်သလားဟု မေးခဲ့သည်။

"ရပါတယ်၊ တာအိုဘုန်းကြီးက ကျွန်မကို မမြင်ပဲ လွဲချော်သွားမှာကို ကြောက်တယ်" သူမက ပြုံးပြီး ကျေးဇူးတင်လိုက်သည်။ သူမက ရေသောက်ဖို့ သစ်သားခွက်ကို လှမ်းယူလိုက်သည်။

ခဏအကြာတွင် ယွမ်ကော်၏ဗိုက်က တဟုန်ထိုးမြည်လာသည်။ သူမက ဗိုက်ကို အုပ်ပြီး "မမလေး၊ တာအို ဘုန်းကြီးက ကျွန်မတို့ကို ထပ်ပြီး ရှောင်နေတယ်။ ကျွန်မတို့ ဘာလို့မပြန်တာလဲ။ နောက်ဆုံးအကြိမ်ထဲက သူက ကျွန်မတို့ကို လုံး၀ ရှောင်နေခဲ့တာ။ သူက ကျွန်မတို့နဲ့ စကားမပြောချင်တော့ဘူးထင်တယ်။"

ဒုတိယအကြိမ်...လက်ထပ်ခြင်းWo Geschichten leben. Entdecke jetzt