Ch-55.2

1.4K 171 6
                                    

အခန်း ၅၅ အပိုင်း ၂

အကြီးဆုံးသခင်မယဲ့က ထိုစကားပြောပြီးနောက် သူ့ယောကျာ်းကို တစ်ချက်ကြည့်လိုက်သည်။ "နောက်တစ်မျိုးပြောရရင် ရှင်တို့ယောက်ျားတွေက တော်ဝင်တရားရုံးက အရာတွေကိုပဲ အမြဲအာရုံစူးစိုက်နေတာလေ၊ အခြားအရာတွေကို ဘယ်လို အာရုံစိုက်ရမလဲ မသိကြဘူး၊ ပဉ္စမမောင်ငယ်ရဲ့ လက်ထပ်ပွဲက နီးနေပြီ ဒါပေမယ့် သူက အိမ်ကနေ ထွက်သွားတယ်၊ ရှင်က အစ်ကိုအကြီးဆုံးဆိုတော့ ရှင့်အမေနဲ့ ရှင် စကားပြောပြီး လက်ထပ်ပွဲကို အိမ်မှာလုပ်ခိုင်းသင့်တယ်လို့ ကျွန်မ ထင်တယ်၊ ပြီးတော့ နဥ်ယွမ်မှူးမတ် ပြန်ရောက်တာနဲ့ အဆင်သင့်ပြင်ဆင်ထားတဲ့ လက်ဆောင်ပစ္စည်းတွေနဲ့ သွားလည်သင့်တယ်၊ အဲဒီနောက်မှာတော့ ရှောင်းမိသားစု ရဲ့သခင်မငယ်လေးကို နေအိမ်ကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ဖို့ အကြောင်းပြချက်တစ်ခုခုရှာရမယ်"

အကြီးဆုံးသခင်လေးယဲ့က ထိုစကားကိုကြားတော့ ပို၍ပင် အံ့သြသွားခဲ့သည်။ "ဘာလို့ သူ့(မ)ကို သခင်မငယ်လေး လို့ ခေါ်တာလဲ၊ အိုး မင်း မှန်တယ်၊ ငါတို့ သူ(မ)ကို ဖိတ်ခေါ်သင့်တယ်၊ နဥ်ယွမ်မှူးမတ်ကို မရှင်းပြခင် သူ(မ) ဘယ်လို ခံစားခဲ့ရလဲဆိုတာကို သိဖို့ အရင် ကြိုးစားရမယ်၊ ကလေးမလေးက စိတ်မဆိုးဘူးဆိုရင် နဥ်ယွမ်မှူးမတ် နဲ့ ဆက်ဆံရတာ ပိုလွယ်လိမ့်မယ်၊ တခြားညီအစ်မတွေကိုလည်း သူ့(မ)နဲ့တွေ့ဖို့ ခေါ်သွားရမယ်။ ရှောင်းမိသားစုနဲ့ အခြေအနေကို ပြေလည်အောင်လုပ်ဖို့ တခြားဘာတွေ ထပ်လုပ်နိုင်မလဲ မသိတော့ဘူး"

"ရှင်တော်တော် တုံးတာပဲ!" အကြီးဆုံးသခင်မယဲ့က သူမ၏ယောက်ျားက မျှော်လင့်ချက်ကင်းမဲ့နေသည်ဟု ခံစားမိသည်။ သူမက ပန်းထိုးဘောင်ကို ဖယ်လိုက်ပြီး အစေခံများကို ထမင်းပြင်ဆင်ခိုင်းလိုက်သည်။

သူမ၏ပဉ္စမမတ်လေးက ရှောင်းမိသားစုရဲ့ ငယ်ရွယ်တဲ့အလှလေးကို သဘောကျနေတယ်လို့ သူမ ထင်နေခဲ့တာပါ။ သူမယောင်းမဖြစ်သူက ဒုက္ခရောက်ပြီး နောက်ဆုံးပြန်လာချိန်တုန်းက ပဉ္စမမတ်လေးက ရှောင်းမိသားစု ရဲ့သခင်မငယ်လေး နဲ့ ဘာကြောင့် ဆက်သွယ်နေတာလဲလို့ မေးခဲ့ဖူးသည်။ ယောက္ခမဖြစ်သူက ထိုမိန်းကလေးနှင့် ပတ်သက်၍ စကားတစ်ခွန်းမှ မပြောခဲ့ပေ။ သူမ တစ်ခုခု မပြောခင် နဥ်ယွမ်မှူးမတ် ပြန်လာတာကို စောင့်နေတာ ဖြစ်နိုင်သည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းDonde viven las historias. Descúbrelo ahora