Ch -38.3

1.5K 183 2
                                    

အခန်း ၃၈ အပိုင်း ၃

အစေခံက ဟွေ့ကျင့်ရှေ့သို့ ပစ်ချခံလိုက်ရပြီး နာကျင်စွာ အော်ဟစ်ကာ မြေပြင်ပေါ် သို့ လဲကျသွားသည်။

ဧကရာဇ်ရဲ့ မောင်းမမိဿံတွေက အချင်းချင်း နားမလည်နိုင်သော အကြည့်များဖြင့် ရှုပ်ယှက်ခတ်စွာ ကြည့်နေကြသည်။ သို့ရာတွင် ဧကရီက နားလည်သဘောပေါက်ပြီး ဧကရာဇ်မင်းအား မှတ်စုကို ပေးခဲ့သည်။ ဧကရာဇ်က ၎င်းကို ကြည့်ကာ ယဲ့ရှန်းအား ပေးလိုက်သည်။

ယဲ့ရှန်းက လှမ်းယူလိုက်ပြီး လျစ်လျူရှုသောအကြည့်ဖြင့် သူက "ဒါက သူ ဝန်ခံထားတဲ့ အရာပဲ" ဟုပြောလိုက်သည်။

အကြီးဆုံးမင်းသမီး၏ စိတ်ထဲတွင် တုန်လှုပ်ချောက်ချားနေပြီး သူမသမီးအတွက် ချက်ခြင်း တောင်းဆိုချင်သော်လည်း ဧကရာဇ်က သူမထက် တစ်လှမ်းပိုမြန်သည်။ " ဟွေ့ကျင့်ရဲ့ စတုတ္တမင်းသမီးဘွဲ့ကို ပြန်သိမ်းမယ်။ ပြီးတော့ ကျန်း အမိန့်မပေးဘဲ သူ(မ)ကို နန်းတော်ထဲကို ထပ်ဝင်ဖို့ ခွင့်မပြုနိုင်ဘူး"

ဧကရာဇ်က အကြီးဆုံးမင်းသမီးကို ရှင်းပြဖို့ ဒါမှမဟုတ် တောင်းပန်ဖို့ အခွင့်အရေး မပေးခဲ့ပေ။ ထို့နောက် ဧကရီ၏လက်ကိုကိုင်ကာ လှည့်ထွက်သွားသည်။

ယဲ့ရှန်းက အစေခံနှင့်ပတ်သက်သည့် ကိစ္စရပ်ကို ကိုင်တွယ်ဖြေရှင်းနေရဆဲဖြစ်သောကြောင့် သူက ထွက်ခွာသွားသော ဧကရာဇ်မင်းအား အလေးပြုပြီး နေရစ်ခဲ့သည်။ အကြီးဆုံးမင်းသမီးသည် ဧကရာဇ်မင်း ထွက်သွားစဉ် ကူကယ်ရာမဲ့ ကြည့်နေခဲ့ပြီး လူငယ်ကို ပြန်ကြည့်ရန် ခေါင်းကို တင်းတင်း လှည့်လိုက်သည်။

"သခင်လေး မင်းက အရမ်းပါးနပ်တာပဲ၊ မင်းက မိန်းကလေးတစ်ယောက်ကို လက်စားချေရင် မင်းကို ယောက်ျားလို့ သတ်မှတ်လို့ ရပါ့မလား။ မင်းအမေနဲ့ငါတို့ရဲ့ ကြားမှာ ရန်ငြိုးတွေရှိပေမယ့် အဲဒါက ငါတို့ကြားထဲက ကိစ္စပဲ။ မင်းက ဒီလို လှည့်ကွက်ကို သုံးခဲ့တာကို ငါ မယုံနိုင်သေးဘူး!"

အကြီးဆုံးမင်းသမီး၏မျက်နှာက နောင်တနှင့် နာကြည်းမှုတို့ကြားတွင် ပုံပျက်ပန်းပျက်ဖြစ်နေသည်။ သူမ၏စကားများက အခြေအနေကို လှည့်စားကာ သူမနှင့် သူမ၏သမီးကို နစ်နာသူများအဖြစ် ပြောဆိုခဲ့သည်။ ရှောင်းယိုနဥ်ကို မှတ်စုအတုဖြင့် ချောက်ချရန် အစပြုခဲ့သူမှာ သူမ၏သမီးဖြစ်ကြောင်း သူမ လုံးဝမေ့သွားခဲ့သည်။ သူမသမီးကို ဧကရာဇ်က အပြစ်ပေးခဲ့တော့ သူမနှင့် ယဲ့ရှန်း၏မိခင်ကြားမှ မုန်းတီးမှုအဟောင်းကို ချက်ချင်း သတိရလိုက်ခြင်းဖြစ်သည်။ သူမက ထိုအချိန်က ယဲ့ရှန်း၏အမေကို ဖျက်ဆီးရန် မတော်တဆမှုဖြစ်မြောက်အောင် မည်သို့လုပ်ဆောင်နိုင်ခဲ့သည်ကို သူမ ပြန်တွေးမိပြီး ယဲ့ရှန်း၏အမေကို သတ်သေရန်အတွက် ပိုးဖြူကြိုးတစ်ချောင်းကိုပင် ပေးခဲ့သည်။ သူမလို အရှက်မဲ့တဲ့လူတစ်ယောက်က သေသင့်တာကြာပြီ။ သို့သော် နောက်ဆုံးတွင် သူမ အသက်ရှင်ရုံသာမက ဧကရာဇ်မင်းမြတ်၏ မျက်နှာသာရကာ အခွင့်ထူးများစွာရရှိခဲ့ရုံသာမက သူမအား လက်တုံ့ပြန်ရန် သတ္တိရှိရှိဖြင့် အရှင်မင်းမြတ် မျက်နှာသာပေးခံရသော လူယုတ်မာလေး ယဲ့ရှန်းကိုပင် မွေးဖွားပေးခဲ့သည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now