Ch - 31.4

1.3K 167 5
                                    

အခန်း ၃၁ အပိုင်း ၄

ဒါက တကယ့်ကို ထူးဆန်းနေသည်။ အရင်တုန်းက ဝူယဲ့က ဘယ်လောက်ပဲ အေးစက်နေပါစေ နူးညံ့သိမ်မွေ့တယ်လို့ သူမ ထင်ခဲ့သည်။ သို့သော် သူက ပဉ္စမသခင်လေးဖြစ်ကြောင်း သူမ သိလိုက်သောအခါတွင် သူက မည်မျှပင် နူးညံ့သည်ဖြစ်စေ သူမ ရှင်းရှင်းလင်းလင်းပင် သူ့ကို ကြောက်ရွံသွားခဲ့သည်။

ရှောင်းယိုနဥ်က လက်တစ်ဖက်ဖြင့် စားပွဲဝိုင်းပေါ်သို့ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး စကားတစ်ခွန်းမှ မပြောဘဲ သူ့ကိုသာ စိုက်ကြည့်နေသည်။

ယဲ့ရှန်း ကြည့်လိုက်တော့ သူမက မုဆိုးကို ပြန်ချောင်းနေတဲ့ တိရိစ္ဆာန်ငယ်လေးတစ်ကောင်လို ဖြစ်နေပြီး သူ တစ်ခုခုမှားပြောရင် ဒါမှမဟုတ် လှုပ်ရှားမှု တစ်ခုခုမှားသွားရင် သူမက သဲလွန်စမကျန်အောင် ထွက်ပြေးသွားလိမ့်မည်။

ယဲ့ရှန်းက သူ့ဘာသာသူ သက်ပြင်းချလိုက်သည်။ သူ့ဂုဏ်သိက္ခာက တကယ်ကို ဆိုးရွားနေပုံပါပဲ။ အရင်တုန်းက အေးစိမ့်စိမ့် အသွင်အပြင်နဲ့ သူ သူမကို မောင်းမထုတ်နိုင်ခဲ့ပေမယ့် သူ့ရဲ့ အထောက်အထားကို ထုတ်ဖော်ပြီးနောက် ကလေးမလေးက အခု သူ့ကို ကြောက်နေပြီ။ သူ သူမကို စားဖို့ ကြိုးစားနေတာ မဟုတ်ဘူးလေ!

ဒါပေမယ့် သူဘာလုပ်နိုင်မလဲ။ သူ့ကို သူမ ငြင်းမယ်လို့ သူ ခန့်မှန်းထားပြီးသားပါ။

အမှန်တရားကို ဖြည်းဖြည်းချင်း နားလည်လက်ခံလာဖို့ သူမကို ရက်အနည်းငယ်လောက် အချိန်ပေးလိုက်မယ်။ သူ့စိတ်ရင်းကို သူမ ရှင်းရှင်းလင်းလင်းသိလာရင် တချို့အရာတွေက သူ့အတွက် ပိုကောင်းလာနိုင်သည်။

ယဲ့ရှန်းက သူ့နှလုံးသားကို ဖြေသိမ့်ရန် သူ့ဘာသာသူ ကူကယ်ရာမဲ့ ပြန်ကြိုးစားနေခဲ့သည်။ သူ့ကို သေချာစူးစိုက်ကြည့်နေတဲ့ ကလေးမလေးကို မျက်နှာချင်းဆိုင် ပြန်ကြည့်လိုက်ပြီး "ကိုယ် နန်းတော်ကို ပြန်သင့်ပြီ။ ကိုယ် ဒီနေ့ အလုပ်တွေ ပြီးသွားပြီ"

သူက လက်ကို နည်းနည်းမြှောက်လိုက်သည်။ သူမကို နှုတ်ဆက်ဖို့ သူမခေါင်းကို လက်နဲ့ ပုတ်ချင်ပေမယ့် သူမရဲ့ အရောင်မဲ့ မျက်နှာကြောင့် သူ့ရဲ့ ဒီအကြံကို စွန့်လွှတ်လိုက်ရသည်။ သူမခေါင်းကို ကိုင်ဖို့ စိတ်အားထက်သန်နေတဲ့ သူ့လက်တစ်ဖက်ကို သူ့နောက်ကျောကို ပို့လိုက်ပြီး တံခါးကို တွန်းဖွင့်လိုက်သည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now