Description
19.2K 636 21
မိတ်ဆက်
"ဒုတိယအကြိမ် လက်ထပ်ခြင်း"
ရှောင်းယိုနဥ်ထံတွင် ကောင်းမွန်သောဘဝတစ်ခု ရှိသည်ဟု လူတိုင်းက ပြောလေ့ရှိကြသည်။ သူမ၏ဖခင်နှင့် အစ်ကိုဖြစ်သူက စစ်တပ်အာဏာကို ပိုင်ဆိုင်ထားပြီး သူမ၏ခင်ပွန်းလောင်းဖြစ်သူ လီချင်ကျစ်ထံတွင် သူ့၏လက်ဖဝါးကို လှန်လိုက်ရုံမျှဖြင့် ကောင်းကင်ကိုပင် လှန်ပစ်နိုင်သော ဦးလေးတစ်ယောက်ရှိနေသည်။ လီချင်ကျစ်က သူ့၏မိခင်ဘက်မှ ငယ်ရွယ်သည့် ထိုဦးလေးထံမှ ကြီးမားသောပံ့ပိုးကူညီမှုကို ရရှိခဲ့သည်။
မထင်မှတ်ပဲ သူမ လီမိသားစု၏အိမ်တံခါးဝသို့ ဝင်ခါနီး မင်္ဂလာဆောင်မည့်နေ့တွင် စစ်တိုက်သွားသော သူမ ဖခင်နှင့် အစ်ကိုကြီးတို့ လုပ်ကြံခံရကာ ပျောက်ဆုံးသွားသည့်သတင်းဆိုးကို သူမ ရရှိခဲ့ပြီး သူတို့ ဘယ်မှာ ရှိသည်ကို ဘယ်သူမျှ မသိကြတော့ပေ။
လီမိသားစုက နှောင့်ယှက်ခံရမည်ကို စိုးရိမ်သောကြောင့် သူမကို ကွာရှင်းစာတစ်စောင် ရက်စက်စွာ ပေးခဲ့သည်။ ရှောင်းယိုနဥ်က ကွာရှင်းထားသော အမျိုးသမီးဖြစ်လာသော်လည်း အိမ်ထောင်မပြုရသေးပေ။ မျက်စိတမှိတ်အတွင်းမှာပင် လီမိသားစုက မင်းသမီးလေးထံ တန်းတက်သွားပြီး သူမကို ဟာသဖြစ်စေခဲ့သည်။
ရှောင်းယိုနဥ်၏အခက်အခဲများကို လူတိုင်းက စောင့်ကြည့်နေကြပြီး ထိုအချိန်တွင် လီချင်ကျစ်၏အာဏာရှင်ဦးလေးက သူမကို ကျောက်ဆောင်နံရံ၏ထောင့်စွန်းနားသို့ တွန်းပို့လိုက်ပြီး သူမ၏လမ်းကို ပိတ်ဆို့ထားခဲ့သည်။
ထိုအမျိုးသားက သူမကို မှီထားပြီး သူမ၏နားထဲသို့ အသံတိုးတိုးဖြင့် "မင်း ကိုယ့်ကို ဘယ်တော့ လက်ထပ်မှာလဲ"
****
ခင်ပွန်းဟောင်းရဲ့ မိခင်ဘက်က ငယ်ရွယ်တဲ့ ဦးလေးရဲ့ဇနီးဖြစ်ရတာကို ဘယ်လို ခံစားရလဲ?
ရှောင်းယိုနဥ်: "အရမ်း မိုက်တယ်!"
ဒါပေမယ့်လည်း သူမ အမြတ်တနိုး တန်ဖိုးထားရတဲ့ ခင်ပွန်းသည်က သူ့ရဲ့နောက်ကွယ်မှာ ပိုပြီး ကြည်နူးဖွယ်ကောင်းတဲ့ အံ့သြစရာတွေကို ဖုံးကွယ်ထားဆဲပါပဲ...
💞💞💞Thank You So Much💞💞💞
မိတ်ဆက်
****
💞💞💞Thank You So Much💞💞💞
ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now