Ch- 57.2

1.3K 149 1
                                    

အခန်း ၅၇ အပိုင်း ၂

မင်းသားအားမော့မှာလည်း မင်းသားကျိဟန်လိုပဲ သူလုပ်ချင်တဲ့အရာတွေ အများကြီးရှိနေသည်။ မင်းသား ကျီဟန်အတွက် ခုကိစ္စက သူ့မိခင်၏ မျိုးနွယ်စု ခွန်အားကို ချဲ့ထွင်နိုင်ရန် ဖြစ်ပြီး သူ့အတွက်လည်း အရေးတကြီးပင်ဖြစ်ကာ သူ အိမ်ရှေ့မင်းသားဖြစ်လာစေရန် ကူညီပေးမည့်အရာဖြစ်သည်။

ညီအစ်ကိုနှစ်ယောက်သည် စစ်ဖန့်အဆောင်တွင်ရှိစဉ်တွင် အချင်းချင်း ရန်ဖြစ်ခဲ့ကြသည်။ သူတို့မှာ ကိုယ်ပိုင်အစီအစဉ်များ ရှိနေကြသည်။

မင်းသားကျီဟန်က အဆောင်မှာ ခြေချပြီးတာနဲ့ ဧကရာဇ်မင်းမြတ်မှာ မင်းသမီး ဘယ်နှစ်ယောက်ရှိသလဲ၊ လက်ထပ်ဖို့ သင့်တော်တဲ့အသက်ရှိနေတာ ဘယ်နှယောက်လောက်ရှိလဲ အစရှိသဖြင့် သိရှိဖို့ သူ့ရဲ့လူယုံတော်တွေကို မေးမြန်းစုံစမ်းစေခဲ့သည်။ ဧကရာဇ်ထံမှ ဖိတ်ခေါ်ခြင်းမခံရမီ သတင်းအချက်အလက်များကို သိရှိထားပြီး ကြိုဆိုပွဲ၌ မင်းသမီးကို စိတ်ကျေနပ်စေမည့် နည်းလမ်းများကို ကြိုတင် ရှာဖွေချင်ခဲ့သည်။

မင်းသမီးတစ်ပါ့းပါးနှင့် လက်ထပ်နိုင်သရွေ့ သူ အိမ်ရှေ့မင်းသားဖြစ်ရန် အခွင့်ကောင်းရှိသည်။

သို့သော်လည်း မင်းသားအားမော့က ရှောင်းမိသားစုအကြောင်း မေးမြန်းစုံစမ်းရန် သူ့လူများကို အမိန့်ပေးခဲ့သည်။

"နဥ်ယွမ်မှူးမတ်ရဲ့ ပထမသမီးက အိမ်ထောင်ပြုပြီးတာနဲ့ ချက်ချင်း ကွာရှင်းပြတ်စဲခဲ့တယ်လို့ ငါ ကြားထားတယ်၊ သူ(မ)က သူ(မ)ကိုကွာရှင်းလိုက်တဲ့ ခင်ပွန်းဖြစ်သူရဲ့ မိသားစုကိုတောင် ပြန်အနိုင်ယူခဲ့တယ်။ နဥ်အမတ်ကြီးက သူ့(မ)အတွက် ခင်ပွန်းလောင်းကို ဆုံးဖြတ်ပြီးပြီလားဆိုတာ လျှို့ဝှက် ရှာဖွေလိုက်ပါ"

လူယုံက အံ့သြသွားပြီး "မင်းသားက ဘာကိုဆိုလိုတာလဲ၊ မင်းသမီးတွေအကြောင်းကို ဘာလို့ မစုံစမ်းတာလဲ၊ နဥ်ယွမ်မှူးမတ်ရဲ့မိသားစုက သမီးက ကျွန်တော်တို့နဲ့ ဘာဆိုင်လို့လဲ၊ အရှင်မင်းကြီးက မင်းသားကို တကျိုးဧကရာဇ်ရဲ့ မင်းသမီးတွေထဲက တစ်ယောက်နဲ့ လက်ထပ်ဖို့ လိုလားတာလေ"

ဒုတိယအကြိမ်...လက်ထပ်ခြင်းUnde poveștirile trăiesc. Descoperă acum