Ch-3.4

3.6K 325 2
                                    

အခန်း ၃ အပိုင်း ၄

နှစ်ရှီးချန်(တစ်ရှီးချန်= နှစ်နာရီနီးပါး)အကြာတွင် ရှောင်းယိုနဥ်က သူမ၏ဆံပင်ကို ဆံထုံးထုံးပြီး ယောက်ျားအဖြစ် အသွင်ယူပြီးနောက် လက်ခုပ်အုပ်ကာ ရှောင်းဒုတိယသခင်ကြီးအား နှုတ်ဆက်လိုက်သည်။ "ဒီနေ့ ဒုတိယဦးလေးက ကျွန်မကို ကူညီပေးခဲ့ပြီး ယိုနဥ်က ဒီအခိုက်အတန့်ကို နှလုံးသားထဲမှာ သိမ်းဆည်းထားပါ့မယ်။ လောလောဆယ်တော့ ကျွန်မ ထွက်သွားရမှာပါပဲ။ လီမိသားစုနဲ့ မပြီးပြတ်သေးတဲ့ လုပ်ငန်းကိစ္စတွေကို ကျွန်မအတွက် ဖြေရှင်းပေးဖို့ ဦးလေးကိုပဲ ဒုက္ခရောက်စေရတော့မယ်"

"မင်း-" ရှောင်းဒုတိယသခင်ကြီးက သူမကို တခြားနည်းနဲ့ ဆွဲဆောင်ဖို့ တစ်ခုခုပြောသင့်လား စဥ်းစားနေခဲ့သည်။ ဒါပေမယ့် နောက်ဆုံးမှာ စကားတစ်ခွန်းပဲ ပြောနိုင်ခဲ့သည်။ ခဏကြာတော့ သူဆီမှ သက်ပြင်းရှည်ကြီး ထွက်လာသည်။ "ကောင်းပြီ... မင်းတို့အားလုံး အကြီးဆုံးသခင်မလေးကို ကောင်းကောင်း ဂရုစိုက်ကြရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒုက္ခသည်တွေက သူမကို ဘယ်လိုနည်းနဲ့မှ စော်ကားဖို့ ခွင့်မပြုသင့်ဘူး။"

အနောက်မြောက်ဘက်တွင် ယမန်နှစ်တွင် မိုးခေါင်ရေရှားမှု ဖြစ်ပွားခဲ့ပြီး ယင်းကြောင့် သာမန်လူများသည် ဘဝရှာဖွေရေးအတွက် စတင်ရွှေ့ပြောင်းလာခဲ့သည်။ အနယ်နယ်အရပ်ရပ်သို့ ပြန့်ကျဲသွားခဲ့ပြီး ယခုအခါ နေရာတိုင်းတွင် ဒုက္ခသည်များ ရှိနေသည်။

သူမနှင့်အတူလိုက်ပါမည့် လူခြောက်ယောက်က အားလုံး တညီတညွတ်တည်း အတည်ပြုခဲ့ကြသည်။

ရှောင်းယိုနဥ်သည် သူမ ဦးလေးအား ကျေးဇူးတင်စကား ထပ်မံပြောပြီး ရထားကန့်လန့်ကာကို လျှော့ချကာ ခရီးစထွက်ခဲ့သည်။ ယွမ်ကော်က သူမဘေးမှာထိုင်နေပြီး မျက်ခွံတွေကို တင်းတင်းစေ့ထားသည်။ ရထားလုံးအတွင်း၌ အချိန်အတော်ကြာ တုန်ခါနေပြီးနောက် သူမက "သခင်မလေး၊ သခင်မလေးရဲ့ ခန်းဝင်ပစ္စည်းကိစ္စကို ဒုတိယအိမ်တော်ခွဲကို အပ်လိုက်တာလား၊ ဘယ်လို အဆင်ပြေနိုင်မလဲ" လို့ တိုးတိုးလေး ပြောလိုက်သည်။

ရှောင်းဒုတိယသခင်ကြီးက စိတ်ကောင်းစေတနာကောင်းရှိရင်တောင် ဒုတိယအိမ်တော်ခွဲက အဘွားကြီးနဲ့ သခင်မက မရည်မွန်ဘူး။ အကိုင်းအခက်တွေ ခွဲပြီးတဲ့ အချိန်မှာတော့ အဘွားကြီးသည် အမှန်ပင် ရှုံးနိမ့်ခဲ့သည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းDonde viven las historias. Descúbrelo ahora