Ch 30.2

1.4K 160 1
                                    

အခန်း ၃၀ အပိုင်း ၂

ရှောင်းယိုနဥ်က သူမ၏ လျော့ရဲနေသောအင်္ကျီလက်များကို ပြန်ပြင်ပြီးနောက် သူရှေ့မှ အမြန်ထရပ်လိုက်သည်။ စကားတစ်ခွန်းမှ မပြောဘဲ ခေါင်းငုံဦးညွှတ်ပြီး လှည့်ထွက်ရန် ပြင်လိုက်သည်။

"အပြင်မှာ မိုးရွာနေတယ်!" ယဲ့ရှန်းက သူမ အပြေးအလွှား ထွက်သွားသည်ကို မြင်သောအခါ သူက သူမကို အလျင်အမြန် ခေါ်လိုက်သည်။

မိန်းကလေးငယ်က ရထားလုံးပေါ်မှ ခုန်ဆင်းပြီး မိုးရွာနေတာတောင် မရပ်ပေ။ သို့တိုင် သူမက "မနက်ဖြန် တာအို ဘုန်းကြီးကို အိမ်မှာစောင့်နေမယ်" လို့ ပြောဖို့ မမေ့ခဲ့ပါဘူး။

သူမ၏အသံက မိုးသံကြောင့် ပြန့်ကျဲနေသော်လည်း ယဲ့ရှန်း မကြားနိုင်လောက်စရာ အတားအဆီး မရှိပေ။ သူက ကန့်လန့်ကာတွေကို တွန်းဖယ်လိုက်ပြီး ရထားလုံးထဲမှထွက်ကာ ရှောင်းအိမ်တော်ထဲသို့ ပြေးဝင်သွားတဲ့ သူမရဲ့ပုံသဏ္ဍာန်ကို ကြည့်နေမိသည်။

သူမပုံသဏ္ဍာန် ပျောက်ကွယ်သွားပြီး တံခါးပိတ်သွားသည်အထိ သူ့ကမ္ဘာတစ်ခုလုံး ကို မိုးသံက ထိန်းချုပ်ထားခဲ့သည်။ သူက ရထားလုံးပေါ်သို့ ပြန်တက်ဖို့ ဝန်လေးနေသည်။

မိုးရေဖြင့်ရွှဲနေသော ရိုးရိုးတာအို၀တ်စုံ၏အစိတ်အပိုင်းတွင် အနက်ရောင် ကောက်ကြောင်းတစ်ခုရှိနေသည်။ ယဲ့ရှန်းလည်း ကောင်မလေး ပျောက်ကွယ်သွားသည့် လမ်းကြောင်းကို လိုက်ကြည့်နေသည်။ မနက်ဖြန် သူ့ကို စောင့်မျှော်နေမယ်ဆိုတဲ့ သူမလျှာဖျားစကားတွေက မရေမတွက်နိုင်တဲ့ လှိုင်းလုံးပေါင်းများစွာအဖြစ် အကြိမ်ပေါင်းများစွာ သူ့ဆီကိုရောက်ရှိလာသည်။ အဆုံးမရှိတဲ့ ချိုမြိန်တဲ့အရသာလေးပါပဲ။

"ဘယ်ကလာမှန်း မသိပေမယ့် အဲ့တာက နွေဦးပျားရည်လိုပါပဲ"

မင်း သူမကို မခံခုနိုင်ရင် ရပ်လိုက်ပါ။ မင်းရဲ့ နှလုံးသားက သူမကို ဒေါသထွက်စေရင် မင်းကိုယ်မင်း ခွင့်မလွှတ်သင့်ဘူး။ အချစ်က ပျားရည်ကဲ့သို့ ချိုမြိန်သည်ဟု လူတိုင်းပြောကြသည်မှာ အံ့သြစရာမဟုတ်ပေ။

ဒုတိယအကြိမ်...လက်ထပ်ခြင်းKde žijí příběhy. Začni objevovat