Ch 26.2

1.3K 157 1
                                    

အခန်း ၂၆ အပိုင်း ၂

အသက်ကယ်တဲ့ ကျေးဇူးတရားက အကုန်ပြန်မဆပ်နိုင်မယ့် အနည်းဆုံးတော့ နည်းနည်းချင်း ပြန်ဆပ်လို့ရနိုင်သည်။ ဒါပေမယ့် တာအိုဘုန်းကြီးကို ဘယ်တော့ပြန်ရှာတွေ့ပြီး သူ့ဆီ ဘယ်လိုပေးလို့ရမလဲ။

သေချာတွေးပြီးနောက် တာအိုဘုန်းကြီး၏ အေးစက်သောမျက်နှာပေါ်ရှိ အမူအရာများကို သူမ ရုတ်တရက် ပြန်သတိရနေမိသည်။

တာအို ဘုန်းကြီးက သူမ ကျေဇူးထပ်တင်ရအောင် လုပ်ခဲ့သည်။ သူပေးသော အချက်အလက်အရ မနက်ဖြန်တွင် မိန်းမစိုးကို ရှာရန် မလိုအပ်တော့ပေ။ ဟော်မင်ဝူရဲ့ ခံစားချက်တွေကို သိပ်ပြီး စိုးရိမ်စရာ မလိုတော့ဘူး။

သူ ဘာကိုဆိုလိုသည်ကိုသိပြီးနောက် သူမက အမြဲတုံ့ဆိုင်းနေပြီး စိတ်မကောင်းဖြစ်ခဲ့ရသည်။ တကယ်က သူမ ပြန်မတုံံ့ပြန်နိုင်လို့ပါပဲ။

ရှောင်းယိုနဥ်က မြေယာပိုင်ဆိုင်မှုစာရွက်ကို ဂရုတစိုက် ဖယ်ထားလိုက်ပြီး ယွမ်ကော်ကို ချန်လီအား သွားတွေ့ခိုင်းခဲ့သည်။ ချန်လီကို ယဲ့ရှန်း အချိန်ရမရ မေးခိုင်းရန် ယွမ်ကော်ကို တောင်းဆိုခဲ့သည်။

နောက်တစ်နေ့တွင် ရှောင်းယိုနဥ်သည် အပြင်မထွက်ခဲ့ပေ။ နေမွန်းမတည့်မှီအထိ အကြာကြီး အိပ်နေခဲ့သည်။

အကြီးဆုံးမင်းသမီး၏ပွဲကြောင့် နေအိမ်က ဆူညံလာသည်။ မိုအမျိုးသမီးက လက်ဝတ်ရတနာ ရောင်းသူအား နေအိမ်သို့ ဖိတ်ခေါ်ခဲ့ပြီး နေအိမ်ရှိ သခင်မလေးများ ဂုဏ်သိက္ခာရှိရှိ ညစာစားပွဲသို့ တက်ရောက်နိုင်စေရန် အဆင်သင့်လုပ်ထားသော လက်ဝတ်ရတနာများကို ရွေးချယ်ဝယ်ယူခဲ့သည်။

ရှောင်းယိုနဥ်က သွားဖို့ လုံးဝ အစီအစဉ် မရှိပါဘူး။ သူမက အဝတ်အစားတောင် မရွေးဘူး။ နေ့လယ်စာစားပြီးနောက် သူမက ချန်လီထံမှ သတင်းကြားရန် တွေဝေစွာဖြင့် အခန်းထဲတွင် ထိုင်စောင့်နေလိုက်သည်။

ညနေစောင်းတဲ့အထိ ချန်လီက မလာသေးဘူး။ ယင်းအစား၊ ဟော်မင်ဝူက သူမ မိန်းမစိုးကို မတွေ့လိုက်ရကြောင်း သိရှိပြီးနောက် ရောက်လာခဲ့သည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now