Ch-3.1

4.3K 414 0
                                    

အခန်း ၃ အပိုင်း ၁

နွေရာသီညများသည် ညနေပိုင်းတွင် အနည်းငယ်နောက်ကျမှ ထွက်ပေါ်လာတတ်သော်လည်း၊ ၎င်းတို့သည်လည်း အချိန်ကို ပြောပြနေသည်။ ရှောင်းယိုနဥ် သူမ ပုန်းကွယ်နေသော လမ်းကြားမှ ထွက်လာချိန်တွင် ကောင်းကင်ကြီးက လုံးဝမှောင်နေသည်ကို တွေ့လိုက်ရသည်။

"သခင်မလေး၊ ကျွန်မတို့ ဘယ်သွားကြမလဲ"

ယွမ်ကော်က သူမသခင်မလေး၏လက်မောင်းကို ဆုပ်ကိုင်ထားပြီး သူမ၏ လုံးဝန်းသော မျက်လုံးနှစ်လုံးဖြင့် ဘေးပတ်ပတ်လည် နေရာများကို အဓိပ္ပါယ်မဲ့ လျောက်ကြည့်နေသည်။

သူမတို့ နေအိမ်ကို တော်ဝင်အစောင့်တွေ တံဆိပ်ခတ်ထားကို သူမတို့ကြားသိခဲ့ရပြီး လီမိသားစုကလည်း သူတို့ရဲ့ အသိစိတ်တွေ ပျောက်ဆုံးသွားခဲ့တာကြောင့် အခုတော့ သူမတို့ တကယ်သွားစရာနေရာ မရှိတော့ဘူး။

ရှောင်းယိုနဥ်က နိမ့်ပါးသော နံရံနောက်ကွယ်တွင် မှီနေပြီး သူမ၏ ခန္ဓာကိုယ်တစ်ဝက်ကို အမှောင်ထုက လုံးလုံးလျားလျား ဖုံးလွှမ်းထားကာ သူမကိုယ်တိုင်လည်း ငိုင်နေပုံရသည်။

အလွန်စည်ကားသော လမ်းပေါ်တွင် စတိုးဆိုင်များ၏ တံစက်မြိတ်မှ မီးပုံးများ တွဲလောင်းကျနေသသည်။ လူတချို့ လျင်မြန်စွာ သွားလာနေကြပြီး တချို့က ခြေလှမ်းနှေးနှေးများဖြင့် အေးအေးဆေးဆေး လျောက်သွားနေကြသည်။ ဆိုင်များစွာမှ စားပွဲထိုးများသည် ဖောက်သည်များအား သူတို့ဆိုင်ထဲသို့ ဝင်ရန် ဆူညံစွာ ကြိုဆိုရင်း လက်ယပ်ခေါ်ကြသည်။ သူတိုက ဘယ်လိုလူတွေပဲဖြစ်ဖြစ် ဒီလမ်းမှာရှိနေတဲ့ သူတို့အားလုံးမှာ ပန်းတိုင်တွေရှိတယ်။

ရှောင်းယိုနဥ်က ထိုနေရာတွင် ရပ်လိုက်သည်။ သူမသည်သာ ပန်းတိုင်မရှိသော တစ်ဦးတည်းသောသူ ဖြစ်သည်။၊ ပြန်စရာ နေရာလဲ မရှိပေ၊ ထိုနည်းတူ ဒီနေရာသည်လည်း သူမနှင့် မသက်ဆိုင်ပေ။

ယွမ်ကော်က သခင်မလေး ဘာပြန်ပြောတာကိုမှ မကြားရဘူး။ သခင်မလေးက ခေါင်းငုံ့ထားရင်း တွေးနေကာ မျက်မှောင်ကြုတ်ထားသည်။ အချိန်အတော်ကြာပြီးနောက် ယွမ်ကော်က ခေါင်းကိုမော့ပြီး သတိကြီးစွာနဲ့ "သခင်မလေး၊ ဒုတိယသခင်ကြီးကို သွားရှာကြမလား—"

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now