Ch-3.2

4K 380 0
                                    

အခန်း ၃ အပိုင်း၂

ည၏ ကန့်လန့်ကာအောက်တွင် နန်းတော်လမ်း နှစ်ဖက်စလုံးတွင် မီးထွန်းထားသော မီးတိုင်များ ရှိသည်။ သို့သော် နန်းတော်လမ်းများသည် နက်နဲပြီး ရှည်လျားသောကြောင့် တန်းစီနေသော မီးလုံးတန်းများကြောင့် တဝက်က လင်းထိန်နေကာ တဝက်ကမှောင်နေသည်။

ယဲ့ရှန်းက သူ့ဘာသာသူ မီးပုံးကိုင်ထားကာ နန်းတော်လမ်းများကို ဖြတ်လျောက်သွားခဲ့သည်။ သူနှင့်အတူ ညနေက သူ့ဝေါယာဥ်၏နံဘေးတွင် သူနှင့်အတူလိုက်ပါခဲ့သော တော်ဝင်သက်တော်စောင့်ငယ်ကလည်း လိုက်ပါသွားခဲ့သည်။ ကိုယ်ရံတော်က သူ့နောက်ကွယ်က မှောင်မိုက်တဲ့ညလိုပဲ သူ့နောက်ကို တလှမ်းပြီးတလှမ်း လိုက်ပါသွားခဲ့သည်။

သခင်နှင့် အစောင့် နှစ်ယောက်သားသည် အချိန်အတော်ကြာ တိတ်တဆိတ် လျှောက်သွားခဲ့သည်။ အကွာအဝေးတစ်ခုတွင်ရှိနေသော နန်းတော်အမိုးကြီးတွင် ထုလုပ်ထားသော သာလွန်ကောင်းမွန်သည့် သုမင်္ဂလသားရဲ ရုပ်ထုသည်ပင် ဖြည်းညှင်းစွာ ပုံရိပ်ပေါ်လာသည်။ တော်ဝင်ကိုယ်ရံတော်လေးသည် ခြေတော်ရင်းရှိ အလင်းရောင်ကို စူးစိုက်ကြည့်ကာ ရုတ်တရက် ခေါင်းကို မြှောက်ကာ "ဘုရင်မင်းမြတ်ဆီ သွားပြီး သတင်းပို့မှာလား"

(သုမင်္ဂလသားရဲ- နဂါးနှင့် ဆင်တူသော)

"ဘာ သတင်းပို့တာလဲ" သူသည် စကားလုံးများဖြင့် ပြန်မေးလိုက်သည်။

တော်ဝင်ကိုယ်ရံတော်လူငယ်က မေးခွန်းကိုကြားတော့ အံ့သြစွာ စိုက်ကြည့်နေသည်။ သူက ပါးစပ်ကိုဖွင့်ပြီး "အိုး!" ထို့နောက် ခဏအကြာတွင် "သခင်... ဘုရင်မင်းမြတ်ရဲ့ အမိန့်ကြောင့် သခင်နန်းတော်ကထွက်ပြီး လီမိသားစုဆီ သွားခဲ့တာ မဟုတ်ဘူးလား"

ဒါဆို သူပြန်လာရင် အစီရင်ခံရမယ်ဆိုတာ ရှင်းနေတာဘဲလေ။

ယဲ့ရှန်းသည် မနှေးမကွေးသော အရှိန်ဖြင့် လျှောက်လှမ်းနေဆဲဖြစ်ပြီး သူ့လက်ထဲမှ မီးပုံးကို မြှင့်တင်ရန် မဟော်ဂနီချောင်းပါးပါးလေးအား သူ့လက်မကို အနည်းငယ် ဖိထားလိုက်သည်။

သူသည် ဧကရာဇ်မင်းမြတ်၏ အမိန့်အရ လီမိသားစု နေထိုင်ရာသို့ အမှန်ပင် ရောက်ခဲ့သည်။ သူက ဧကရာဇ်မင်း၏ နံဘေး၌ နေ့ခင်းတစ်ခင်းလုံး ကုန်ဆုံးခဲ့ပြီး ညနေစာစားခါနီးတွင် ဘုရင်မင်းမြတ်၏ နန်းတော်သို့ အရေးပေါ်သတင်းပေးပို့ချက်တစ်ခု ရောက်လာသည်။ သတင်းပို့တဲ့ စစ်သားက ခရီးတစ်လျှောက်လုံး အပြေးအလွှားလာခဲ့ကာ ပြိုကျလုနီးဖြစ်နေပြီပင်။ သူက ဧကရာဇ်မင်းရှေ့တွင် ဒူးထောက်လျက် ရှောင်းမိသားစု၏သားအဖ အမှားလုပ်မိကြောင်း သတင်းပို့ခဲ့သည်။ သူတို့ အသက်ရှင်သည်လား၊ သေဆုံးသည်လား မသိရသေးဘဲ နယ်ခြားစည်းသည် ပရမ်းပတာဖြစ်နေခဲ့သည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now