Ch -62.1

1.5K 158 1
                                    

အခန်း ၆၂ အပိုင်း ၁

ရှောင်းယိုနဥ်တစ်ယောက် ဧည့်ခံခန်းမကို ရောက်ချိန်တွင် ယဲ့မိသားစုမှ ဆွေမျိုးအမျိုးသမီးတွေက ရောက်နေတာကြာလို့ နေ့လည်စာတောင် စားပြီးသွားပြီဖြစ်သည်။

သခင်ကြီးမယဲ့က သူမတို့နှစ်ဦးအား နေ့လည်တွင် လာခွင့်ပြုထားသည်ဟု မူလက ပြောခဲ့သော်လည်း သူမ အနည်းငယ် စိတ်မသက်မသာ ဖြစ်မိသေးသည်။

အမျိုးသမီး ဆွေမျိုးများက သူတို့ ယဲ့မိသားစုတွင် လက်ထပ်ခဲ့ကြစဥ်က ဤကဲ့သို့သော အခွင့်ထူးမျိုးကို တစ်ခါမျှ မရခဲ့ကြပေ။ ဘယ်မိသားစုကပဲ ဖြစ်ဖြစ်၊ ဘယ်အမျိုးအနွယ်နဲ့ပဲ လက်ထပ် လက်ထပ်၊ ဘယ်လောက်ပဲ ကြောက်ရွံ့တုန်လှုပ်နေပါစေ မင်္ဂလာဆောင်ရဲ့ ဒုတိယနေ့မှာတော့ တကိုယ်လုံး နာကျင်နေရင်တောင် စည်းကမ်းတွေကို လိုက်နာခဲ့ကြရသည်။ နောက်ဆုံးတွင် ပဉ္စမသခင်လေးနှင့် ဇနီးသည်ကတော့ နောက်ကျနေပြီး နေ့လည်စာစားပြီးနောက် မှသာ ရောက်ရှိလာသည်။ ဇနီးအသစ်ကလေး၏ ဖြည်းညှင်းစွာ လျှောက်လာနေပုံကို သူတို့ ကြည့်နေကြသည်။ ယဲ့ရှန်းက နေ့လယ်ခင်းမှာတောင် သူ့ကိုယ်သူ မထိန်းနိုင် မသိမ်းနိုင်ဖြစ်နေတာလား။

အမြဲတမ်း အတောက်ပဆုံး ပြုံးနေတဲ့ ယဲ့သခင်မကြီး အပါအဝင် အားလုံးရဲ့ မျက်နှာတွေက တော်တော့်ကို မကျေမနပ် ဖြစ်သွားကြသည်။

သူတို့အားလုံးက အိမ်ထောင်ရှင်အမျိုးသမီးတွေပါ။ ယဲ့ရှန်းက သူ့ဇနီးလေးကို ဘယ်လို ပံ့ပိုးပေးသလဲ ဆိုတာကို သူတို့အားလုံး သတိပြုမိပြီး သူ သူမကို ဆက်ဆံပုံကလည်း ဂရုတစိုက် ရှိနေခဲ့သည်။ တံခါးခုံကို ဖြတ်ကျော်သွားတဲ့အခါ သူမရဲ့ ၀တ်စုံကို ရုတ်သိမ်းဖို့တောင် သူက ကူညီပေးခဲ့သည်၊ ဒါကြောင့် သူတို့ ဘယ်လိုမှ မနာလိုမဖြစ်ပဲ မနေနိုင်ကြတော့ဘူးလေ။

ရှောင်းယိုနဥ်က မိသားစု အသီးသီးမှ ထိုဇနီးမယားနှင့် သခင်မများ၏ မနာလိုမှုကို သူမ ဆွဲဆောင်နေမိကြောင်း သဘာဝကျကျ သိသည်။ သူမက ယဲ့ရှန်း၏အင်္ကျီလက်ဝကို မသိမသာ ဆွဲလိုက်ပြီး သူမကို လွှတ်ပေးရန်နှင့် သူမ ပတ်ဝန်းကျင်တွင် အကာအကွယ် မရှိတော့စေရန် တောင်းဆိုခဲ့သည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now