Ch -46.2

1.4K 159 1
                                    

အခန်း ၄၆ အပိုင်း ၂

ယဲ့ရှန်းက ရယ်ချင်နေသည်။

သူက တော်ဝင်တရားရုံးရှိ လူများကို မကြောက်သလို အထင်ကြီးလောက်သော စစ်ရေးစွမ်းဆောင်မှုများရှိသော နဥ်ယွမ်မှူးမတ်ကိုလည်း သူ မကြောက်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူကသာ လူများကို ကြောက်လန့်စေသောသူ ဖြစ်သည်။

ဒါပေမယ့် သူ့ချစ်သူက သူ့ကို အားပေးဖို့ ကြိုးစားနေသည်။ ဒီလိုအခြေအနေမျိုးက ယောက္ခမနဲ့ တရားဝင်တွေ့ဆုံဖို့ အချိန်ကောင်း မဟုတ်သေးဘူး။ ယဲ့ရှန်းက သူ့ရဲ့ အားနည်းချက်တွေကို ဒီနေရာမှာ ဖုံးကွယ်ထားတာ မဆိုးဘူးလို့လည်း တွေးနေခဲ့သည်။

အထူးသဖြင့် ဒီကောင်မလေးရှေ့မှာပေါ့။ အားနည်း ဟန်ဆောင်နေလျှင် ရလဒ်များက ပိုကောင်းလာနိုင်သည်။

ဒါတင်မကသေးပါဘူး၊ ဒါက သူ့ယောက္ခမက သူ့အတွက် အပြင်လူ မဟုတ်တော့ဘူး။ ပြင်ပလူတွေကို သူပြလေ့ရှိတဲ့ သူ့ရဲ့ပင်ကိုယ်စရိုက်ကို သူပြဖို့ မလိုအပ်တော့ဘူး။

နောက်ဆုံးမှာ ယဲ့ရှန်းက နဥ်ယွမ်မှူးမတ်ကို ချက်ချင်း ဦးညွှတ်နှုတ်ဆက်လိုက်သည်။ "အမတ်ကြီးကို နှုတ်ခွန်းဆက်သပါတယ်"

ရန်သူ့ဓားနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာကိုတောင် မကြောက်တဲ့ ခက်ထန်မာကျောလှသော နဥ်ယွမ်မှူးမတ်က ဦးညွှတ်ခံလိုက်ရချိန်မှာ အလန့်တကြားနဲ့ နောက်ကို သုံးလှမ်းလောက်ဆုတ်သွားပြီး ဒေါသတကြီးနဲ့ "ဒီအမတ်က ပဉ္စမသခင်ယဲ့ရဲ့ ဦးညွှတ်မှုကို လက်ခံဖို့ အရည်အချင်းမရှိပါဘူး!"

ဒီကလေးက ငါ့ကို အရိုသေပေးနေတာလား။ သူက ငါ့ကို သူရဲ့ ခွန်အားကို ပြသနေတာလား။ တကယ်က ငါ့သမီးလေးကို သူ ဆက်ပြီး လှည့်စားနိုင်ဖို့ သူရဲ့အရိုအသေပေးတာကို လက်ခံဖို့ ငါ့ကို တွန်းအားပေးနေတာ......

နဥ်ယွမ်မှူးမတ်က သူ့၏စိတ်ထဲတွင် အဖြစ်အပျက်များကို အပြန်ပြန်အလှန်လှန် တွေးတောနေသည်။ ရှောင်းယိုနဥ်က သူမဖခင်၏ ခုခံမှုပုံစံကြောင့် အနည်းငယ် ထိတ်လန့်သွားပြီး သူမဖခင်က ယဲ့ရှန်းကို သဘောမကျတာကို နားလည်လိုက်သည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now