Ch-55.1

1.5K 167 3
                                    

အခန်း ၅၅ အပိုင်း ၁

ယဲ့ရှန်းက သူ့အမေနှင့်အတူ နေထိုင်ခဲ့သည်။ သခင်ကြီးယဲ့က အစေခံအချို့ကို လှည့်ပတ်မေးမြန်းစုံစမ်းရန် စေလွှတ်လိုက်သော်လည်း ယဲ့ရှန်း၏သီးသန့်စံအိမ်ကြီးကို ရှာမတွေ့နိုင်ခဲ့ပေ။

သခင်ကြီးယဲ့က စိတ်ပျက်အားငယ်စွာဖြင့် သူ့သားအကြီးဆုံးကို ခေါ်ပြီး ယဲ့ရှန်းစောစောက ခြိမ်းခြောက်ခဲ့သည့်အရာကိုသာ ပြောပြနိုင်ခဲ့သည်။

"ပဉ္စမညီငယ်က ယဲ့မိသားစုအတွက် အကြီးဆုံးညီမကို ဆန့်ကျင်တာဖြစ်နိုင်တယ်" ဟု အကြီးဆုံးသခင်လေးယဲ့က ခေါင်းငုံ့ကာ သူ့မုတ်ဆိတ်ကို ထိကိုင်ရင်း ရေရွတ်နေသည်။ "ရှောင်းမိသားစုက မကြာခင် မြို့တော်ကို ပြန်ရောက်တော့မှာလေ၊ သူတို့က ဧကရာဇ်မင်းဆီက ဆုလာဒ်တွေလည်း ရနိုင်တယ်၊ ဒါပေမယ့် အကြီးဆုံးညီမက ရှောင်းမိသားစုက မိန်းမငယ်လေးနဲ့ ကွာရှင်းဖို့ တောင်းဆိုခဲ့တယ်၊ အဲ့တာကြောင့် နဥ်ယွမ်မှူးမတ် မြို့တော်ကို ပြန်ရောက်လာရင် လီမိသားစုကို ဒေါသဖြစ်နိုင်တယ်၊ အဲ့အချိန်ရောက်ရင် အကြီးဆုံးညီမရဲ့ခင်ပွန်းက သူ(မ)ကို အိမ်ပြန်ပို့ရမှာပဲ၊ နဥ်ယွမ်မှူးမတ်ရဲ့ဒေါသကို လက်ခံကြရမှာပဲ"

"ဒါပေမယ့် လီမိသားစုနဲ့ ကွာရှင်းပြတ်စဲလိုက်ရင် ငါတို့မိသားစုက လက်မထပ်ရသေးတဲ့ သမီးတွေ ဘာဖြစ်သွားမလဲ" သခင်ကြီးယဲ့ ငြိမ်သက်သွားသည်။ သူ့သားအကြီးဆုံးက အမှန်တရားကို ပြောနေမှန်း သူသိသည်။ သူက ခေါင်းမာတဲ့စိတ်နဲ့ ကြမ်းတမ်းတဲ့ ပါးစပ်နဲ့ လက်မလွှတ်ချင်သေးတာပါ။

အကြီးဆုံးသခင်လေးယဲ့က သူ့အဖေရဲ့ ပင်ကိုယ်စရိုက်ကို မသိပဲနေပါ့မလား။

အရင်တုန်းကတော့ သခင်ကြီးယဲ့က လက်ရှိမင်းဆက်ရဲ့ ဒုတိယ၀န်ကြီးဖြစ်ခဲ့ဖူးသည်။ သူက အဲ့လောက်နှင့် မကျေနပ်ဘဲ တွက်ချက်မှုများ ပြုလုပ်ခဲ့သဖြင့် ယဲ့မိသားစုပြိုကွဲလုနီးပါးဖြစ်ခဲ့ရသည်။ မည်သို့ပင်ဆိုစေ၊ ဤအသေးအဖွဲကိစ္စသည် မည်သို့ဖြေရှင်းရန် နည်းလမ်းမရှိပဲ နေပါ့မလဲ။

သူ့အဖေက သူလိုချင်တာကို ပြောဖို့ စကားလုံးတွေသုံးပြီး အခြေအနေကနေ လွတ်မြောက်ဖို့ လမ်းစရှာနေတာပါ။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now