Ch-30.4

1.4K 152 0
                                    

အခန်း ၃၀ အပိုင်း ၄

လီသခင်မ၏ ကြီးမားသော အပြုံးက သူမ၏ မျက်နှာပေါ်တွင် အေးခဲသွားသည်။ သူမလက်ချောင်းတွေက သူမလက်ဖဝါးကို ပြန်ဖိထားရင်း "ငါ့အမေက ဘာကိုဆိုလိုတာလဲ"

"သခင်မကြီးရဲ့ အဓိပ္ပါယ်က သတိရှိရမယ်။ သခင်မကြီးရဲ့သမီးက နှစ်ခါပြန်စဉ်းစားသင့်တယ်။ သခင်မကြီးကို ပြန်ပြီး အမှုထမ်းဖို့ ရှိနေသေးတာမို့ အရင်ပြန်ဆုတ်ခွာပါ့မယ်"

အကြီးတန်းအစေခံက တလေးတစား ဦးညွှတ်ပြီး ချက်ချင်း ထွက်ခွာသွားသည်။

လီသခင်မက သူမ၏ ထိုင်ခုံပေါ်သို့ ပြန်လဲကျသွားပြီး ပြင်းထန်လွန်းသည့်အတွက် သူမအမေကို ရုတ်တရက် မုန်းတီးလာသည်။

"ဘာကြောင့်လဲ?! အမေက ဘာ့ကြောင့် သူ့မြေးအတွက် အနာဂတ် အစီအစဉ် မရှိရတာလဲ။ ပြီးတော့ သူ(မ)က အနာဂတ်မှာ ရှက်စရာရမယ့်အကြောင်း တစ်ခုခုပြောခဲ့တယ်။ ငါအဆင်ပြေနေတယ်ဆိုရင် သူမ သည်းမခံနိုင်လို့လား? မင်းသမီးဟွေ့ကျင့်နဲ့ လက်ထပ်မပေးရင် ဒီမိသားစုက နောက်တစ်ခါ ဘယ်လို ခေါင်းထောင်နိုင်မှာလဲ"

သူမ လုပ်သမျှက ယဲ့မိသားစုရဲ့ နာမည်ဂုဏ်သတင်းအတွက်လဲ ဖြစ်နိုင်တယ် မဟုတ်ပါလား။ သူမက အကြီးဆုံးသမီးဖြစ်ခဲ့သော်လည်း ယောက္ခမအိမ်တွင် တန်ဖိုးထားမခံခဲ့ရပေ။ သူမအမေက ချို့တဲ့နေတယ်လို့ ထင်ပါသလား။ သူမကို ဘာကြောင့် ထပ်ခါထပ်ခါ တားနေတာလဲ။

သူမဘေးနားရှိ အစေခံကလည်း သခင်မကြီးယဲ့ ဘာကိုဆိုလိုသည်ကို မသိနိုင်ပေ။ ထိုသို့သတိပေးပြီးနောက် သူမ စိတ်မသက်မသာဖြစ်နေပြီး "သခင်မ၊ မနက်ဖြန်အတွက်..."

ယဲ့မိသားစုမှ သခင်မကြီးက အလွန်အားကြီးသဖြင့် သခင်ကြီးသည်ပင် ကြမ်းတမ်းသော စကားတစ်ခွန်းကိုမျှ မပြောဝံ့ခဲ့ပေ။ သူမက တကယ်ကို အစွမ်းထက်တဲ့အတွက် သူမလုပ်ခဲ့တာတွေကို ပြောဖို့ အကြောင်းပြချက်ရှိရမည်။

"ငါ ဂရုမစိုက်ဘူး! ငါ့သားရဲ့ အနာဂတ် အလုပ်အကိုင်က ယဲ့မိသားစုကို အားကိုးလို့ မရတော့ဘူး။ ငါ့သားအတွက် ငါဘယ်လိုစီစဉ်ရမယ်ဆိုတာ ဘယ်သူက ညွှန်ကြားနိုင်မှာလဲ"

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now