Ch- 4.3

2.9K 270 2
                                    

အခန်း ၄ အပိုင်း ၃

ရှောင်းယိုနဥ်က ယွမ်ကော် လက်ဆေးရန် လှည့်ထွက်သွားသည်ကို မြင်လိုက်ရတော့ ရင်တွင်း၌ ထိတ်လန့်တကြား တုန်လှုပ်ချောက်ချားမှုအချို့ဖြင့် "အဲ့ဒါကို အဝေးကို လွှင့်ပစ်ခဲ့တာလား။ နောက်တခါ ပြန်တွားသွားလာဖို့ မဖြစ်နိုင်တော့ဘူ မလား ဟုတ်တယ်မလား"

ယွမ်ကော်က ပြုံးပြီး "ဟုတ်တယ် မလာတော့ဘူး ၊ကျွန်မက သခင်မလေးရဲ့ ခြေထောက်ကို ဖက်ထားပေးမယ်၊ မကြောက်နဲ့တော့နော် ပြန်အိပ်လို့ရပါပြီ"

ထိုအချိန်တွင် ရုတ်တရက် ဘေးခန်းမှ ကျယ်လောင်စွာ ကျိန်ဆဲသံကို ကြားလိုက်ရပြီး နံရံကို ခြားထားပေမယ့် အသံက စူးရှပြီး ကြည်လင်နေသည်။ နောက်တော့ နင်းသံတွေ၊ လိုက်သံတွေ၊ အော်သံတွေ၊ တစ်ခုခု ပြုတ်ကျလာတဲ့ အသံတွေ ထွက်လာတယ်။

ရှောင်းယိုနဥ်သည် နံရံတစ်ဖက်ကို စိုက်ကြည့်ကာ အိပ်ရေးပျက်နေပြီဖြစ်သော သူမ၏မျက်လုံးများကို မှိတ်ချထားလိုက်သည်။ "အဲဒီကြွက်က ဘေးကအခန်းကို ပြေးသွားတာလား"

ယွမ်ကော်က ဆီမီးခွက်ကိုကိုင်ကာ ကုတင်ဘေးကို သယ်ဆောင်လာပြီး ဝမ်းသာအားရ ပြုံးလိုက်တယ်။ "အဲဒါကို စိတ်မပူပါနဲ့။ ဘာပဲဖြစ်ဖြစ် ကြွက်က ကျွန်မတို့ဆီပြန်မလာတော့ရင်ကို ကောင်းနေပါပြီ"

ရန်သူကို ကလဲ့စားချေခြင်းသည် ခေါင်းမှ ခြေဖျားအထိ လုံးလုံးလျားလျား ပေါ့ပါးသွားစေသည်။

ကျန့်ယင်သည် ယဲ့ရှန်း၏ အဝတ်ကြိုးကွင်းဆီသို့ တွန်းချခံရပြီးနောက် နောက်ဆုံးတွင် ကောင်းကင်မှ ပြုတ်ကျလာသော ကြွက်က သူ့မျက်နှာပေါ် ကျလာကာ နေရာတိုင်းကို ပြေးရန် ကြိုးစားနေသည်။ ချက်ခြင်း လိုက်ဖမ်းပြီး လက်ထဲမှာ မြင့်မြင့် ကိုင်ထားပြီး ပြတင်းပေါက်ကို ဖွင့်ပြီး အပြင်ကို လွှင့်ပစ်လိုက်သည်။ ထို့နောက် ယဲ့ရှန်း၏ ဓားနှင့်တူသော အကြည့်အောက်တွင် ပြတင်းပေါက်ကို ပိတ်လိုက်သည်။

"သခင်လေး ၅၊ ဒီကြွက်ကို ဘေးခန်းက ပစ်ချလိုက်တာ" ကျန့်ယင်က သူ့ဓားကို တင်းတင်းဆုပ်လိုက်ပြီး ငြင်းခုံရန် လွန်စွာ သွေးစာနေသည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now