Ch -6.2

2.9K 292 1
                                    

အခန်း ၆ အခန်း

ထိုအချိန်တွင်‌ ရှောင်းမိသားစုဘက်တွင် ရှောင်းယိုနဥ်တွေးထားသည့်အတိုင်း ဖြစ်နေခဲ့သည်။ ရှောင်းမိသားစုမှ ဒုတိယဦးလေး၏ဇနီးဖြစ်သူက နောင်တရနေကာ စိတ်အနှောက်အယှက်ဖြစ်စရာ သတင်းရောက်လာမည်ကို စိုးရိမ်နေခဲ့သည်။

ညအချိန်မတိုင်မှီ သူမ၏လူယုံက အိမ်နောက်ဖေးတံခါးမှ အမြန်ပြန်လာကာ သူမထံသို့ ရာက်လာခဲ့သည်။

"သခင်မ၊ လီမိသားစုက မူလက သခင်ကြီးဆီကို ခန်းဝင်ပစ္စည်းတွေကို ပေးခဲ့ပေမယ့် ဝန်ကြီးလီ အိမ်ပြန်ရောက်လာတော့ သူ့လူတွေကို ပစ္စည်းတွေ ပြန်သယ်ခိုင်းခဲ့တယ်။ ပထမအိမ်တော်ခွဲရဲ့ ခန်းဝင်ပစ္စည်းတွေကို စာရင်းစစ်ဖို့ တရားသူကြီးလဲပါတယ်။ ပြီးတော့ ပထမအိမ်တော်ခွဲရဲ့မိန်းခလေးကို ကိုယ်တိုင်မတွေ့ရင် ဒါမှမဟုတ် သူ့(မ)လက်ရေးနဲ့ လွှဲပြောင်းထားတဲ့စာကို မတွေ့ရင် ခန်းဝင်ပစ္စည်းတွေကို ဒုတိယအိမ်တော်ခွဲကို မပေးဘူးလို့ပြောတယ် ၊အဲ့တာတွေကို တံဆိပ်ခတ်ပြီး ပြန်သိမ်းထားလိုက်ပြီ"

"ရှောင်းမိသားစုရဲ့ အိမ်နှစ်အိမ်က ခွဲခွာပြီးထဲက တစ်အိမ်နဲ့တစ်အိမ် မဆက်ဆံတာကြာပြီမို့ ပိုင်ဆိုင်မှုအများကြီးကို အလျင်စလို မလွှဲပြောင်းပေးဝံ့ဘူးလို့ သူက ပြောခဲ့တယ်၊ ဒီကျွန်အိုကြီး ထင်တာတော့ လီမိသားစုက ပိုက်ဆံတွေကို အပိုင်သိမ်းချင်နေတာလို့ မြင်ပါတယ်။ ခန်းဝင်ပစ္စည်းတွေအပြင် ပိုင်ဆိုင်မှုတွေကြောင့် ငွေပမာဏက သောင်းချီ ရှိနေတယ်။ အဲ့တာအပြင် ကွာရှင်းတဲ့ နစ်နာကြေး ငွေစ ၁၂,၀၀၀ လဲရမယ်"

အစေခံက စိတ်လှုပ်ရှားစွာ ပြောနေသည်။၊ သူမက ‌ငွေများကို မြင်ယောင်နေပြီး ပြင်းထန်စွာ တံတွေးထွေးလိုက်ကာ သူမ၏ မျက်လုံးများတွင် မုန်းတီးမှုများ ပြည့်နှက်နေသည်။

ထိုစကားကို ကြားပြီးနောက် ဒုတိယသခင်မရှောင်းက နောက်နှစ်လှမ်းပြန်ဆုတ်ပြီး ကုလားထိုင်ပေါ်သို့ လဲကျသွားသည်။

သူမ၏ခင်ပွန်းက ခန်းဝင်ပစ္စည်းများ ပြန်တောင်းရန် ပထမဆုံးအကြိမ် သွားခဲ့စဥ်က ဝန်ကြီးလီက တုံ့ဆိုင်းနေကြောင်း သူမ ကြားသိရပြီး ခန်းဝင်ပစ္စည်းများ ပြန်မပေးခင် ရှောင်းယိုနဥ်ကို တွေ့ချင်သည်ဟု လီမိသားစုက ပြောခဲ့ကြောင်း သူမ ကြားသိခဲ့ရသည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now