Ch- 61.2

1.3K 149 1
                                    

အခန်း ၆၁ အပိုင်း ၂

အချိန်က မြှားတစ်စင်းကဲ့သို့ အမြန် ရွေ့လျားသွားနေသည်။ ရှောင်းယိုနဥ်နှင့် ယဲ့ရှန်းလက်ထပ်ရန် ငါးရက်သာ လိုတော့သည်။

ထိုနေ့တွင် ယဲ့ရှန်းက စပျစ်သီးတောင်းတစ်လုံးနှင့် နဥ့်ယွင်မှူးမတ်အိမ်တော်သို့ ရုတ်တရက် ရောက်လာသည်။ နန်းတော်သို့ လက်ဆောင်ပို့လိုက်သော စပျစ်သီးများကို ဧကရာဇ်က သူ့ကို ဆုချခဲ့သည်။

ရှောင်းယိုနဥ်က စပျစ်သီးတောင်းကို ကြည့်ကာ သူ့ကို ပြုံးပြနေသည်။ "ရှင်က ကျွန်မတို့ မင်္ဂလာပွဲမတိုင်ခင်မှာ ကျွန်မကို တွေ့ချင်နေတာလား??? ဒါမှမဟုတ် ရှင်တကယ်ပဲ စပျစ်သီးတွေကို လာပို့ချင်တာလား"

မြေခွေးတစ်ကောင်လို လိမ္မာပါးနပ်စွာ ပြုံးပြနေသော သူမထက် ပိုပြီး သိမ်မွေ့နိုင်သော အရာမရှိတော့ဘူးလို့ သူကို့ ခံစားရစေသည်။

ယဲ့ရှန်း၏ လည်စလုပ်က လှုပ်ရှားသွားသည်။ သူက ခေါင်းငုံ့ကာ သူမနှုတ်ခမ်းကို အမြန်နမ်းလိုက်သည်။ "ကိုယ်က မင်းကို တွေ့ချင်တာ"

ခဏကြာတော့ သူ့အသံက တိတ်ဆိတ်သွားသည်။

သူက သဘောကျရယ်နေတာကြောင့် ရှောင်းယိုနဥ်၏ မျက်လုံးများ ကွေးညွတ်သွားသည်။ သူမက သူ့ပခုံးပေါ်ကို ညင်ညင်သာသာ မှီလိုက်ပြီး "နေကောင်းအောင်နေနော် ကျွန်မတို့ မကြာခင် လက်ထပ်ရတော့မယ်"

သူမက သူ့ကို ညင်သာသောလေသံဖြင့် ချော့ပေးနေတာကြောင့် ယဲ့ရှန်းက ခေါင်းညိတ်ကာ "မင်္ဂလာရက်ရောက်ဖို့က လေးရက်ခွဲတောင်ကျန်နေသေးတယ်"

သူက သူမခါးကို လှမ်းတို့နေတာကြောင့် သူမက အလွန်သဘောကျနေကာ တခစ်ခစ် ရယ်မောနေခဲ့သည်။

ယဲ့ရှန်းက သူ့ဘဝတွင် အမှန်တကယ်ဖြစ်လာရန် စောင့်ဆိုင်းရမည့်အရာများစွာ မရှိခဲ့သော်လည်း ယခုတွင်မူ သူ စောင့်ဆိုင်းရခက်နေကာ သူတကယ်ကို နာကျင်ခံစားနေရသည်။

သူ ဆင်းရဲဒုက္ခတွေကြားထဲမှာ စောင့်ဆိုင်းနေရင်း သူတို့ရဲ့ လက်ထပ်ပွဲနေ့ကို ရောက်လာခဲ့သည်။

ရှောင်းယိုနဥ်ကို စတင်ပြင်ဆင်ပေးကြသောအချိန်တွင် မိုးတောင်မလင်းသေးပေ။ သူမ၏ မင်္ဂလာဝတ်စုံအားလုံးကို နန်းတော်ရှိ အပ်ချုပ်ဌာနမှ ပြုလုပ်ပေးထားသောကြောင့် အလွန်ကောင်းမွန်ပြီး အသေးစိတ်ကျသည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now