Ch- 18.2

1.9K 195 0
                                    

အခန်း ၁၈ အပိုင်း ၂

သူမ မျက်နှာပေါ်က အပြုံးကို မြင်လိုက်ရတော့ ဟော်မင်ဝူက ပြောမပြနိုင်လောက်အောင် စိတ်အေးလက်အေး ဖြစ်သွားပြီး သူက သူရဲ့ဖြူဖွေးတဲ့ သွားတွေ ပေါ်တဲ့အထိ ပြန်ပြုံးပြလိုက်သည်။

သူတို့က တစ်ယောက်နဲ့တစ်ယောက် အတော်လေးရင်းနှီးတဲ့အတွက် ဟော်မင်ဝူက သူမ ဒီကိုဘာလုပ်ဖို့လာတယ်ဆိုတာကို နားလည်နေသည်။ သူတို့နှစ်ယောက်ရဲ့ ကြည်နူးစရာတွေကို မလဲလှယ်နိုင်သေးတဲ့အတွက် သူထိုင်ပြီးတာနဲ့ သူမ ဘယ်လိုနေလဲလို့ အရင်မေးလိုက်သည်။ မနေ့ညက နန်းတော်မှာ တာဝန်ကျတဲ့အချိန်မတိုင်ခင်အထိ သူမမြို့တော်ကနေ ထွက်သွားကြောင်း သူစုံစမ်းပြီး သိခဲ့ရသည်။ သူမ ပြန်ရောက်လာသည်ကို သူ မသိခဲ့ပေ။

ရှောင်းယိုနဥ်က သူမရဲ့လမ်းခရီးကို အတိုချုံးကို ပြောပြပြီးနောက် ဟော်မင်ဝူက စားပွဲကို ရိုက်ကာ လီမိသားစုနဲ့ ရှောင်းဒုတိယအိမ်တော်ခွဲကို ကြိမ်းမောင်းချင်နေသည်။ ဒါပေမယ့် သူ့မှာ အဲ့လို ကြိမ်းမောင်းနိုင်တဲ့ အနေအထားမျိုး မရှိဘူးဆိုတာနဲ့ သူမအနိုင်ကျင့်ခံရလို့ ထွက်လာတဲ့ ဒေါသကို တင်းတင်းကြပ်ကြပ်သာ ထိန်းထားနိုင်တာကို သူ့စိတ်ထဲမှာ သူ့ဘာသာသိနေသည်။

"ဒီရက်ပိုင်း ဧကရာဇ်က စိတ်ကောင်းဝင်နေပုံရတယ်။ တထုံက အောင်ပွဲရသတင်းကို အစီရင်ခံခဲ့ပြီး တချို့အစိုးရ အဖွဲ့ဝင်တွေနဲ့ တော်ဝင်အရာရှိတွေက မင်းအစ်ကိုနဲ့ အဖေကို အပြစ်ပေးဖို့ ဧကရာဇ်ကို လျောက်တင်တာတွေကို ရပ်တန့်ထားတယ်။ အဲ့ဒါအပြင် အစ်ကို မင်းကို ပြောပြစရာ တခြားအချက်အလက်မရှိဘူး၊ အစ်ကိုက တော်ဝင်ညီလာခံမှာ အမြဲမရှိလို့ပါ..."

ဟော်မင်ဝူရဲ့ဒေါသက တဖြည်းဖြည်း လျော့ပါးသွားပြီး သူသိထားသည်များကို နောင်တအနည်းငယ်ဖြင့် ပြောပြလာသည်။

ရှောင်းယိုနဥ်က သူ့စကားတွေအတွက် ကြိုတင်ပြင်ဆင်ထားပြီးသားပါ။ အနည်းငယ်စိတ်ပျက် အားငယ်သွားပေမယ့် သူ မကူညီနိုင်ခဲ့ရင်တောင် သူမ သူ့ကို ကျေးဇူးတင်နေပါသေးသည်။ သူမက "အစ်ကိုဟော်၊ ကျွန်မအဖေနဲ့ အစ်ကိုကို သတိရပေးလို့ ကျေးဇူးတင်ပါတယ်၊ ယိုနဥ်က အစ်ကိုဟော်ရဲ့အခက်အခဲတွေကို သိပြီး  အရမ်းကျေးဇူးတင်ပါတယ်။ အမှန်တော့၊ ကျွန်မအဖေနဲ့အစ်ကိုအကြောင်း အချက်အလက်တွေရှာဖို့ ဒီနေ့ ဒီကိုလာခဲ့တာပါ၊ ဒါပေမယ့် အစ်ကိုဟော်ကို ဧကရာဇ်က သံသယဖြစ်အောင်လဲ မလုပ်နိုင်ပါဘူး။ တော်ဝင်ညီလာခံက တစ်စုံတစ်ဦးကို ဆက်သွယ်ဖို့ အခြားနည်းလမ်းရှိမရှိ မေးချင်တာပါ"

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now