Ch-6.1

2.6K 262 1
                                    

အခန်း ၆ အပိုင်း ၁

ပလောက်!

ကျယ်လောင်သော အသံနှင့်အတူ ရှောင်းယိုနဥ်က ပျော့ပျောင်းသော ထိုင်ဖုံတစ်ခု၏ အပေါ်သို့ ကျသွားသည်။ ဖြစ်ပျက်နေတာကို သူမ နားမလည်နိုင်ခင်မှာပဲ ယဲ့ရှန်းက အထဲကို ဝင်လာတာကို တွေ့လိုက်ရသည်။ သူက ငြိမ်သက်နေပုံရပြီး အေးအေးဆေးဆေး ထိုင်ချလိုက်သည်။ ထိတ်လန့်တကြားဖြစ်နေတဲ့ သူမနဲ့ သိသိသာသာ ဆန့်ကျင်ဘက်ဖြစ်နေသည်။ ဟုတ်တယ်၊ သူမကို အပြစ်တင်လို့ မရပါဘူး၊ မျက်စိတစ်မှိတ်အတွင်းမှာပဲ အဖြစ်အပျက်တွေက ဖြစ်ပျက်ခဲ့တာ။

ရထားလုံးက စဝင်လာသည့်အချိန်မှစ၍ ပြန်ထွက်ခွာသွားသည့်အချိန်အထိ လုံးဝမရပ်ပေ ... ဝိုင်းရံနေသော လူအုပ်ကြီးကြားမှ အရှိန်ပြင်းပြင်းဖြင့် မြှားတစ်စင်းလို ပြေးထွက်ခဲ့သည်။ ရထားထိန်း၏ လျင်မြန်မှု၊ လိုက်ပါစီးနင်းသူ၏ သွက်လက်မှုသည် အလွန်ကောင်းမွန်နေသည်။

ယွမ်ကော်က သူမရဲ့ သခင်မလေးနောက်ကို လိုက်ဖမ်းဖို့ နောက်ဆုံးအခိုက်အတန့်မှာ အရှိန်ပြင်းပြင်းနဲ့ ရထားလုံးထဲ ခုန်ဝင်လိုက်သည်။ သူမ၏ ခန္ဓာကိုယ် တစ်ဝက်က လှည်း၏ နံဘေးတွင် ချိတ်ဆွဲမိကာ ခြေထောက်များက တွဲလောင်းကျနေပြီး သူမကို အညှာမတာစွာ ဆွဲငင်ခံခဲ့ရသည်။ သို့သော်လည်း သူမသည် သူမ၏ အသက်ကို ဂရုမစိုက်ဘဲ အားတင်းကာ သူတို့နှင့်အတူ လိုက်ပါခဲ့သည်။

သူမ ခေါင်းကို လှည့်ကြည့်လိုက်တော့ လိုက်လာတဲ့သူတွေဟာ သူမ ခြေဖနောင့်နားမှာ ခက်ခက်ခဲခဲ ရှိနေတာကို တွေ့ရသည်။ သို့သော် ရထားလုံးက လျှပ်စီးကြောင်းလို ရွေ့လျားနေပြီး သူတို့ကို အမီလိုက်ရန် ခက်ခဲစေသည်။ သိပ်မကြာခင်မှာပဲ သူတို့ရဲ့ အော်ဟစ်သံတွေ လျော့ပါးလာပြီး အားနည်းလာကာ နောက်ဆုံးမှာ ခွာသံတွေနဲ့ နာကျင်နေတဲ့ ဘီးသံတွေပဲ အစားထိုး ကြားလိုက်ရသည်။

ထိုအချိန်တွင် ရှောင်းယိုနဥ်က ကြောင်တက်တက်ဖြင့် လန့်နေတုန်းပင်။ မတ်မတ်ထိုင်ချင်တာမို့ သူမလက်ဖဝါးကို ရထားနံရံပေါ်မှာ တင်းတင်းကြပ်ကြပ်ကိုင်ပြီး ပြန်မတ်လိုက်သည်။ ထိုအချိန်တွင် ဘီးတစ်ခုသည် မြေပြင်ရှိ ချိုင့်ငယ်တစ်ခုပေါ်သို့ လှိမ့်ကျသွားကာ ရထားလုံးက ရုတ်တရက် ယိမ်းထိုးသွားသည်။ သူမ ဟန်ချက်မညီဘဲ ကြမ်းပြင်ပေါ်သို့ လျင်မြန်စွာ လဲကျသွားသည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now