Ch -31.2

1.4K 162 4
                                    

အခန်း ၃၁ အပိုင်း ၂

ရှောင်းယိုနဥ်နှင့် ဟော်မင်ဝူ နှစ်ယောက်စလုံးက ရယ်နေသော ယဲ့ရှန်းကို ကြည့်လိုက်ကြသည်။ သခင်ကြီး၏ ပါးစပ်ကို လက်နှင့်အုပ်ကာထားသော ကျောက်စိမ်းနှင့်တူသော မျက်နှာကိုသာ မြင်လိုက်ရပြီး မျက်လုံးထောင့်များ အနည်းငယ် ကြွနေသည်ကို တွေ့ရသည်။ အဲဒီအမူအရာက စစ်မှန်ပြီး ရွှင်လန်းတဲ့ အပြုံးတစ်ခုလိုပါပဲ။

သို့သော် ဟော်မင်ဝူက ယဲ့ရှန်း ရယ်မောလိုက်သောအခါတွင် သူ့ကို လှမ်းကြည့်မိသောကြောင့် ယဲ့ရှန်းသည် မရိုးသားကြောင်း သိလိုက်ရသည်။ ယဲ့ရှန်းက သူ့ကို ရယ်နေတာပဲ။

"ဒါက ဘာမှ မဟုတ်ပါဘူး" ယဲ့ရှန်းက ရယ်ပြီးတဲ့အခါ သူ့လက်ကို သူ့နောက်မှာ ထားလိုက်သည်။

ဟော်မင်ဝူက ရှောင်းယိုနဥ်ကို နှစ်သက်ပြီး ဂရုစိုက်ပုံရကာ အလွန်တန်ဖိုးထားမည်ဟု သူ ထင်ခဲ့သည်။ ဒါပေမယ့် နောက်ဆုံးတော့... သူ(ဟော်မင်ဝူ)က သူ့ကို ဖော်ထုတ်ဖို့ သတ္တိတောင် မရှိတော့ဘူး။

အသံကျယ်ကျယ်နဲ့ ရယ်မိလို့ သူ့ကို အပြစ်မတင်နဲ့လေ။

ရှောင်းယိုနဥ်က ထူးဆန်းသော မှတ်ချက်ကြောင့် အလွန်အံ့ဩသွားခဲ့သည်။ "ဒါက ဘာမှ မဟုတ်ပါဘူး" က ဘာကိုဆိုလိုတာလဲ။ တာအို ဘုန်းကြီးပြောသောစကားများက အလွန်လေးနက်ပြီး သူမနားမလည်နိုင်ဖြစ်နေသည်။

ရှောင်းယိုနဥ် နားမလည်သော်လည်း ဟော်မင်ဝူက နားလည်သည်။ ယဲ့ရှန်းက သူ့ကို ဝေဖန်နေတာ။

"ကောင်းပြီ မင်းရဲ့ အိမ်အသစ်လေးကို ငါ့ကို ဘာလို့မပြသေးတာလဲ။ ငါဒီမှာရပ်နေတာကြာပြီ"

ယဲ့ရှန်းက ဝန်ခံခွင့်ကို ရယူချင်သော်လည်း ဟော်မင်ဝူရောက်ရှိလာခြင်းမှာ အထောက်အကူမဖြစ်ခဲ့သလို သူလည်း မဖော်ထုတ်နိုင်တော့ပေ။ သူ အေးအေးဆေးဆေးနဲ့ နောက်ထပ်အခွင့်အရေးတစ်ခုကို ရှာရမည်။ ထို့ကြောင့် သူက ထိုအကြောင်းကို မပြောတော့ပဲ လောလောဆယ် တိတ်တိတ်ဆိတ်ဆိတ် နေလိုက်သည်။

ဒီနေ့တော့ သူမက အိမ်အသစ်ကို ပြောင်းလာတဲ့အတွက် စိတ်ကောင်းဝင်နေခဲ့သည်။ အဲဒီအကြောင်းကို နောက်မှပြောပြပြီး ဆဲဆိုကြိမ်းမောင်းတာ ဒါမှမဟုတ် ရိုက်နှက်တာကို လက်ခံလိုက်မည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းजहाँ कहानियाँ रहती हैं। अभी खोजें