Ch-52.1

1.4K 179 2
                                    

အခန်း ၅၂ အပိုင်း ၁

အပြန်လမ်းတွင် ယဲ့ရှန်းက ရှောင်းယိုနဥ်နှင့် လင်မယား အတုယောင်ဆောင်ရန် အကြောင်းပြချက် မရှိတော့ပေ။ သူ့ကို သူ့ရဲ့ချစ်လှစွာသော ယောက္ခမက သွန်သင်ဆုံးမလိုက်တာကြောင့် သူမနှင့် နီးကပ်စွာ မနေရဲ‌တော့ပေ။

အမှန်တကယ်တော့ သတ္တိရှိရှိနဲ့ မဖြူစင်တော့တဲ့ ဆန္ဒတွေနဲ့ အရာရာကို လုပ်ဆောင်နေတာက ကလေးမလေးပါပဲ။

အစပိုင်းတွင်၊ ရှောင်းယိုနဥ်က ယဲ့ရှန်း သူမကို တမင်ရှောင်နေမှန်း မသိခဲ့ပေ။ ရေလမ်းအတိုင်း ပြန်လာတဲ့ အပြန်လမ်းမှာ ယဲ့ရှန်း အခန်းထဲ ထွက်လာစဥ် သူမက သူ့အင်္ကျီလက်ဝတွေကနေ သူ့ကို ဆွဲထားပြီး သူ့ကို တစ်ချက်နမ်းကာ သူ့ကို တားလိုက်သည်။ သူမ သူ့ကို တားလိုက်တဲ့အချိန်မှ သူက အဖြစ်အပျက်ငယ်လေးများမှ တဆင့် စစ်ပွဲတစ်ခုဖြစ်လာမည်ကို စိုးရွံ့ထိတ်လန့်နေကြောင်း နားလည်လာခဲ့သည်။

နောက်တော့ ခရီးတစ်လျှောက်လုံး သူမက ရိုးသားစွာနေပြီး သူ့ကို အလွန်အကျွံ တွယ်ကပ်မနေရဲတော့ပေ။

ယဲ့ရှန်းက အပြန်လမ်းမှာပဲရှိသေးပေမယ့် လက်ထပ်ထိမ်းမြားလက်ဆောင်တွေကို သူ ဂရုတစိုက် စီစဥ်ပြီးနေပြီ။

သူတို့ တထုံမှ ထွက်ခွာလာပြီး လတစ်ဝက်ခန့်အကြာတွင် သူ့အစေခံများက ထိမ်းမြားလက်ဆောင်များကို စစ်တန်းလျားများသို့ ပေးပို့ခဲ့သည်။ နဥ်ယွမ်မှူးမတ်က လက်ထပ်ထိမ်းမြားလက်ဆောင်အစုအဝေးကို ကြည့်လိုက်တာနဲ့ ယဲ့ရှန်းက အလျင်လိုနေတယ်ဆိုတာကို သူ အနည်းအကျဉ်း သိလိုက်သည်။

ပဉ္စမသခင်လေးယဲ့က တာအို၀တ်စုံကို အမြဲဝတ်ထားကာ ဘာမှမထူးခြားသော အပြုအမူသာရှိကြောင်း သူ တွေးနေမိသည်၊ တကယ်တမ်းတွင် သူက အတွင်းဘက်တွင် အလွန်အကျွံ ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်။ နဥ်ယွမ်မှူးမတ်က အေးစက်စွာ နှာမှုတ်လိုက်သည်။ သူ လက်ထပ်ထိမ်းမြားလက်ဆောင်များကို လက်ခံလိုက်သော်လည်း ယဲ့ရှန်းက ဇာတာများ'ကို လဲလှယ်လိုပါက အမတ်ကြီး မြို့တော်သို့ ပြန်လာမည့်အချိန်ကို စောင့်ရမည်ဟုအကြောင်းပြန်လိုက်ပြီး စေ့စပ်ရန် ပြင်ဆင်ချိန်လည်းရှိသေးသည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now