Ch-11.1

2.1K 246 2
                                    

အခန်း ၁၁ အပိုင်း ၁

ရှောင်းယိုနဥ်က ချင်ဖုန်းတာအိုဘုရားကျောင်းတွင် တည်းခိုနေထိုင်ခဲ့သည်။ သူမ အခြေချနေထိုင်သည့် ပထမနေ့မှာပင် ဘုရားကျောင်းမှ စိတ်ချယုံကြည်ရသော လူကိုရှာဖွေ၍ သူမ၏ဖခင်နှင့်အစ်ကိုအကြောင်းကို မေးမြန်းရန် ထိုလူများကို မြို့ထဲသို့ စေလွှတ်ခဲ့သည်။

နှစ်ရက်ဆက်တိုက် တိုးတက်မှုမရှိဟု ဆိုနိုင်သည်။

"သခင်မလေး ၊ တထုံမှာ စစ်ပွဲတွေ ဖြစ်နေတုန်းပဲ။ အစိုးရဝန်ကြီးအဖွဲ့နဲ့ တော်ဝင်အရာရှိတွေက ရှောင်းမှူးမတ်ကို အပြစ်ပေးဖို့ ဧကရာဇ်ကို ဖိအားပေးနေကြတယ်။ ဒါက ကောင်းတဲ့ကိစ္စပဲ"

ရှောင်းယိုနဥ်က ပြတင်းပေါက်နားမှာ ထိုင်နေခဲ့သည်။ သူမက ပြတင်းပေါက်နားရှိ ရေကန်ထဲမှ ကြာပန်းတစ်ပွင့်ကို ခူးဆွတ်လိုက်သည်။

ဇွန်လအလယ်ဖြစ်တဲ့ နွေရာသီမှာ ကြာပန်းတွေ ကန်အပြည့် ပွင့်နေသည်။ ယခု တပွင့်ခူးကာ ပန်းအိုးထဲထိုးစိုက်လိုက်သဖြင့် တစ်ပွင့်တည်း အထီးကျန်ဆန်နေသည်ဟု ထင်ရသည်။ သို့သော် ကျက်သရေရှိနေတုန်းပင်။

သူမလက်ကိုဆန့်ကာ ပွင့်ချပ်များကို ညင်သာစွာ တို့ထိလိုက်သည်။ သူမက တုန်လှုပ်နေပြီး ဝမ်းနည်းတဲ့အမူအရာနဲ့ "ဒါက ကောင်းတဲ့အရာတော့ မဟုတ်ဘူး။ တော်ဝင်တရားရုံးမှာ ဘာတွေဖြစ်နေလဲ မသိနိုင်ဘူး၊ ဧကရာဇ်ရဲ့ အတွေးတွေကိုလည်း ခန့်မှန်းလို့ မရနိုင်ဘူး။ ဒါပေမယ့်လဲ စစ်ပွဲက အရမ်းအရေးတကြီးဖြစ်နေတယ်ဆိုတာကို ငါ သိတယ်။ ဒီအချိန်မှာ ငါ့အဖေနဲ့ အစ်ကို ကို အပြစ်ပေးလိုက်ရင် ရဲမက်တွေရဲ့စိတ်ဓာတ်ကို ကျိန်းသေပေါက် ထိခိုက်စေလိမ့်မယ်။ အခု တထုံမှာရှိတဲ့ စစ်တပ်ကို ဝေ့ဦးလေးက ဦးဆောင်နေဆဲပဲ"

ဝေ့ယန်က သူမဖခင်နှင့် ကာလကြာရှည်စွာ သူငယ်ချင်းဖြစ်ခဲ့သည်။ သူ့တို့လက်အောက်က စစ်သားတွေအားလုံးကို သူမအဖေက လေ့ကျင့်ပေးခဲ့ခြင်းပင်။

ဧကရာဇ်သည် ယခုအချိန်တွင် မလှုပ်မရှားနိုင်ပေ။ အများအားဖြင့် စစ်တပ်ရဲ့ စိတ်ဓာတ်ကို ထိခိုက်မှာကို ကြောက်နေတာဖြစ်နိုင်သည်။ သူမအဖေနှင့်အစ်ကိုတို့၏ တည်နေရာကို မသိရသေးသောကြောင့် ဝေ့ယန်နှင့် စစ်သည်များအား ခွန်အားအပြည့်ဖြင့် တိုက်ပွဲဝင်ရန် လှုံ့ဆော်ပေးနိုင်သည်။ ထို့ကြောင့် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း သူမသည် သူမ၏အဖေနှင့်အစ်ကို အမှန်တကယ်သေဆုံးသွားပြီလားဟု တွေးနေခဲ့သည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now