Ch-18.1

1.6K 177 2
                                    

အခန်း ၁၈ အပိုင်း ၁

မနေ့ညက လုပ်တဲ့ ရှောင်းဒုတိယအိမ်တော်ခွဲရဲ့ မိသားစုညစာစားပွဲက သိပ်တော့ မသာယာခဲ့ပါဘူး။

‌ရှောင်းပင်မအိမ်တော်နှင့် ဒုတိယအိမ်တော်ခွဲတို့က တစ်အိမ်နဲ့တစ်အိမ် အဆက်အသွယ် မရှိတာ အတော်ကြာနေပြီ။ မိသားစုခွဲတဲ့အခါတုန်းက ပင်မအိမ်တော်က ရှောင်းသခင်မကြီးကြောင့် ဆုံးရှုံးမှုတွေကြုံတွေ့ခဲ့ရပြီး သူတို့ကြားမှာ အကွဲအပြဲတွေ ရှိတယ်ဆိုတာ ပြောဖို့မလိုပဲ သိနိုင်သည်။

ရှောင်းယိုနဥ်က အဲ့မကျေနပ်ချက်တွေကို တွက်ချက်ပြီး ရောက်လာတယ်ဆိုတာ လူတိုင်းက သတိထားမိကြသည်။ သူတို့အားလုံး အတူတူထိုင်နေကြပေမယ့် သူတို့ရဲ့ အဆင်မပြေမှုတွေနဲ့ မကျေနပ်မှုတွေက အပြည့်အ၀ ပေါ်လွင်နေသည်။

ထို့အပြင် ဒုတိယအိမ်တော်ခွဲမှ မျိုးဆက်သစ်လူငယ်တွေကလည်း ရှောင်းယိုနဥ်နဲ့ ပတ်သက်ပြီး မကျေနပ်ချက်များစွာရှိသည်။ ထိုမကျေနပ်မှုတွေက အခု သူမရဲ့ မာနကြီးပြီး မောက်မာတဲ့ သဘောထားသက်သက်ကြောင့် မဟုတ်ပဲ ယခင်က သူမရဲ့ ဖခင်နဲ့ အစ်ကိုတို့က သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို လုယူတယ်လို့ ခံစားခဲ့ရတာကြောင့်လဲပါသည်။ ထိုအရာများက သူတို့အတွက် ရှောင်းပင်မအိမ်တော်ကို ရွံရှာရန် လုံလောက်စေသည်။

ယခု ရှောင်းယိုနဥ်က ဆိုးရွားတဲ့ အခြေအနေကို ရောက်နေတာကြောင့် သူမ ထိုင်နေချိန်မှာ သူတို့ရဲ့ စူးရှတဲ့ စကားလုံးတွေနဲ့ တိုက်ခိုက်နေတာတွေကို မရှောင်နိုင်ဘူး။ ရှောင်းယိုနဥ်ကလည်း လွယ်လွယ်နဲ့ နှောက်ယှက်လို့ရတဲ့သူ မဟုတ်တော့ အမြန်ပြန်တုံပြန်ခဲ့သည်။ လေထုက အေးစက်နေပြီး ဘယ်သူက ကောင်းကောင်းစားဝင်နိုင်ပါ့မလဲ။

ဒါနဲ့ပဲ ပွဲက ညနေ စောစောထဲကပြီးသွားတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ စောစောအိပ်ယာဝင်လိုက်သည်။ မနက် သူမနိုးတာနဲ့ ရေချိုးသန့်စင်ပြီး ရထားလုံးဆီကို ထွက်လာခဲ့သည်။

လမ်းက ကျပ်နေတော့ ရထားလုံးက ဖြည်းညှင်းစွာ ဖြတ်သွားနေရပြီး လမ်းပေါ်မှာ မနက်စာရောင်းတဲ့ဆိုင်တစ်ဆိုင်က စောစောဖွင့်ထားတာကြောင့် ပဲနို့နဲ့ ပေါင်းမုန့်နံ့က ကန့်လန့်ကာကိုဖြတ်ပြီး ပျံ့နှံ့လာသည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now