Ch - 43

1.8K 207 5
                                    

အခန်း ၄၃

ယဲ့သခင်မကြီး၏ မြင့်မြတ်သောကိုယ်ရေးအကျဉ်းကြောင့် ယဲ့ရှန်း၏လက်ထပ်ခြင်းကို ဦးစီးရန်အတွက် သူမ မြို့တော်သို့ ပြန်လာခဲ့ခြင်းက မြို့တော်တွင် ရက်ပေါင်းများစွာ ရုတ်ရုတ်သဲသဲဖြစ်စေခဲ့သည်။ လီသခင်မက သူမမိခင်အိမ်သို့ အခေါက်ခေါက် အခါခါသွားရောက်ကာ ဘာတွေဖြစ်ခဲ့သည်ကို စုံစမ်းခဲ့သည်။

"အစ်ကိုကြီး၊ အမေက လျှို့ဝှက်နေတယ်၊ ပဉ္စမမောင်အငယ်ဆုံးက ဘယ်လိုမိန်းမပျိုလေးအကြောင်း ပြောခဲ့လို့လဲ" လီသခင်မက အိမ်ဝင်းတံခါးဝတွင် အကြိမ်ပေါင်းများစွာ ငြင်းပယ်ခံခဲ့ရပြီး သူမ၏အစ်ကိုအကြီးဆုံးဖြစ်သူအား မေးရုံမှတပါး ရွေးချယ်စရာ မရှိတော့ပေ။

အကြီးဆုံးသခင်ကြီးယဲ့ကလဲ ဒီအကြောင်းကို ဘယ်လို သိနိုင်မလဲ။ သူ့ညီမကတောင် သူ့ထက် ပိုသိနိုင်သေးသည်။ သူ့အမေက သူ့ကို စကားတစ်ခွန်းမှ မပြောခဲ့ပေ။ ဒါကြောင့် သူက စိတ်မရှည်စွာနဲ့ "ငါလည်း သိချင်တယ်။ မင်းက နေ့တိုင်း အိမ်ကို ပြန်ပြေးလာနေတယ် မင်းရဲ့သား အိမ်ထောင်ပြုဖို့ ပြင်ဆင်စရာတွေ မရှိဘူးလား"

အကြီးဆုံးမင်းသမီး နေအိမ်နှင့် လက်ထပ်မည့်အကြောင်းရောက်သွားသောအခါ လီသခင်မ၏ အပြုံးက သူမ၏ မျက်နှာပေါ်တွင် အေးခဲသွားသည်။ သူမ လက်ကိုင်ပုဝါကို ဆွဲလှန်လိုက်ပြီး "အစ်ကိုကြီး၊ အစ်ကိုကြီးက ကျွန်မကို အတင်းအဖျင်း ပြောနေတာလား" လို့ အေးစက်စွာ မေးလိုက်သည်။

သူမ၏နာကျင်သော နေရာကို ထိမိခြင်းပင်။ သူမသည် မြို့တော်တွင် အရှက်တကွဲ လှောင်ပြောင်ခံရတော့မည်။

အကြီးဆုံးသခင်ကြီးယဲ့က သူ့ညီမ၏ကျေးဇူးကြောင့် 'အခက်တွေ့နေရသောမိန်းမ'က မည်သို့ဖြစ်နေသည်ကို နောက်ဆုံးတွင် သိလိုက်သည်။ "မင်း ဘယ်လိုများ ပိုပိုပြီး ကျေးဇူးကန်းလာရတာလဲ! ငါက မင်းအတွက် စိတ်ပူနေတာ မဟုတ်ဘူးလား!" သူက သူ့အင်္ကျီလက်ဝတွေကို ပွတ်သပ်ပြီး လှည့်ထွက်သွားသည်။

ထိုမေးခွန်းကို မေးခြင်း၏ နောက်ကွယ်တွင် သူ၏ ရည်ရွယ်ချက်များက ကောင်းမွန်သော်လည်း သူမက ဒေါသကို ဖြစ်စေခဲ့သည်။ သူမမှာ သတ္တိရှိနေရင် သူမခင်ပွန်းကိုပဲ သွားရှာသင့်သည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now