Ch - 57.1

1.3K 147 2
                                    

အခန်း ၅၇ အပိုင်း ၁

ရှောင်းယိုနဥ်က သူမအဖေနှင့် အစ်ကိုတို့ မြို့တော်သို့ ပြန်လာတော့မည့် သတင်းကြောင့် အချိန်အတော်ကြာ ပျော်ရွှင်နေခဲ့သည်။ တစ်လလောက်စောင့်ပြီးနောက်မှာတော့ သူမရဲ့မိသားစုဝင်တွေက အိမ်ပြန်လာနေကြပြီ ဖြစ်သည်။

နဥ်ယွမ်မှူးမတ် မြို့တံခါးဆီသို့ ရောက်ရှိလာကြောင်း သတင်းများ ပျံ့နှံ့ပြီးသည်နှင့် တစ်ပြိုင်နက် မြို့တော်ရှိ ထောင်ပေါင်းများစွာသော လူများသည် သူနန်းတော်သို့ ဝင်ရောက်လာမည့်လမ်းအတိုင်း စုဝေးလာခဲ့ကြသည်။ လူတိုင်းက ကြီးကျယ်ခန်းနားသော စစ်ရေးအောင်မြင်မှုကို ပြီးမြောက်အောင်မြင်ခဲ့သော ထက်မြက်ပြီး ဂုဏ်သိက္ခာရှိသော ဗိုလ်ချုပ်ကို တွေ့ရန် စောင့်မျှော်နေကြသည်။

ဧကရာဇ်မင်းက သူ့အတွက် ကြီးကျယ်ခမ်းနားသော ကြိုဆိုမှုပြုလုပ်ရန် သာသနာရေးဝန်ကြီးနှင့် အရာရှိ ၁၀၀ ကို စေလွှတ်ပေးခဲ့သည်။

လမ်းပေါ်မှာ လူများဖြင့် ပြည့်လျှံနေသည်။ ဗိုလ်ချုပ်၏သမီးဖြစ်သော ရှောင်းယိုနဥ်က သူတို့ကို မြင်ရရန် လူအုပ်ကြားတွင် ခြေဖျားထောက်နေရုံသာတက်နိုင်တော့သည်။

ယွမ်ကော်နဲ့ အစောင့်တွေက သူမ လူတွေကို ဖြတ်ကျော်နိုင်ဖို့ ကူညီပေးခဲ့သည်။

မြင်းခွာသံတွေကို ကြားတော့ လူတွေက ဝမ်းသာအားရနဲ့ လက်မောင်းကို ဝှေ့ယမ်းပြနေတော့ သူမအတွက် မြင်ကွင်းက ပိုလို့တောင် ပိတ်ဆို့သွားခဲ့သည်။ သူမ အရမ်းစိတ်လှုပ်ရှားနေ​တော့ ခုန်ပြီး ကြည့်​ချင်​လာသည်​။

ထိုအချိန်တွင် ခွန်အားကြီးသောလက်တစ်စုံက ရုတ်တရက် သူမ၏ခါးကို ဆုပ်ကိုင်လိုက်ကာ အပေါ်သို့ မြှောက်လိုက်သည်။

သူမ အံ့သြသွားပြီး ငုံကြည့်‌လိုက်တော့ ချောမောသော ယဲ့ရှန်းကို တွေ့လိုက်ရသည်။

သူက တာအိုဝတ်ရုံကို ၀တ်ထားဆဲဖြစ်ပြီး သူမကို အရှေ့ကို မျှော်ကြည့်ဖို့ မျက်ခုံးပင့်ပြီး အချက်ပြနေသည်။

အော်ဟစ်အားပေးသံများ ထွက်ပေါ်လာပြီး မြင်းခွာသံများက ပိုမိုနီးကပ်လာသောကြောင့် သူမ လမ်းပေါ်ကို အမြန်ပြန်ကြည့်လိုက်သည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now