Ch- 32.2

1.4K 179 4
                                    

အခန်း ၃၂ အပိုင်း ၂

တစ်ဖက်က လီမိသားစုမှာတော့...........

လီသခင်မက ထိုနေ့တွင် အကြီးဆုံးမင်းသမီးအိမ်တော်၏ နာမည်ဖြင့် သခင်မ အားလုံးကို ဖိတ်ကြားခဲ့သည်။ အိမ်ထောင်ရေးကိုတော့ တရားဝင် မသတ်မှတ်ရသေးဘဲ ဇာတာများကို နှုတ်ဖြင့်သာ ဖလှယ်ခဲ့ကြသော်လည်း၊ သူမက ဇာတာများကို ပေါင်းစပ်ရန် အဆင်သင့်ဖြစ်နေပါပြီ။ ဒါပေမယ့် အိမ်ထောင်ရေးကတော့ သူမစိတ်ထဲမှာ ပြေလည်နေပါပြီ။

ထိုနေ့တွင်ပင် လီသခင်မက အိမ်အပြန်လမ်းတစ်လျှောက်လုံး ပျော်ရွှင်နေခဲ့သည်။ အိမ်တွင် အနားယူနေသော ခင်ပွန်းသည်နှင့်တွေ့သောအခါ သူမ၏ကျောကို ဖြောင့်တန်းအောင် မတ်ထားသည်မှာ သိသာနေသည်။

နောင်တွင် စတုတ္ထအဆင့်မင်းသမီးက သူမ၏ချွေးမ ဖြစ်လာလိမ့်မည်။ သူမက ဤအိမ်ထောင်ရေးအတွက် တိုက်ပွဲဝင်ခဲ့ပြီး မိသားစု၏ အဓိက သခင်မ အဖြစ် သူမ၏ ရာထူးသည် ပို၍ပင် မတုန်မလှုပ် ဖြစ်လာမည်။

လီသခင်မက မျက်ခုံးပင့်ကာ သက်ပြင်းတချက်ရှုထုတ်လိုက်သည်။ လီသခင်ကြီးကသူမ၏ ရက်စက်ကြမ်းကြုတ်ကာ မာနကြီးသော မျက်နှာကို မကြည့်ချင်တော့ပေ။ သူမ လာနေတာကိုမြင်တော့ သားဖြစ်သူကို တွေ့ဖို့ ထွက်သွားခဲ့သည်။

လီချင်ကျစ်က ရှောင်းယိုနဥ်ထံ စာတစ်စောင် ပေးပို့ခဲ့သော်လည်း အကြောင်းပြန်ခြင်း တစ်စုံတစ်ရာ မရရှိခဲ့ပေ။ သူ ဘာမျှော်လင့်ချက်မှ မထားတော့ဘူး။ သူ့အမေ ဒီနေ့ အကြီးဆုံးမင်းသမီးအိမ်တော်ကိုသွားတယ်ဆိုတာ သူသိပြီး သူနဲ့စတုတ္ထအဆင့်မင်းသမီးကြားက အိမ်ထောင်ရေးက ပြီးသွားပြီဆိုတာ သိဖို့ မေးနေစရာတောင် မလိုဘူး။ မြို့တော်ကလူတိုင်းတောင် သိနိုင်သည်။

လီသခင်ကြီးရောက်လာတော့ သူ့သားက လက်ထဲမှာ စာအုပ်တစ်အုပ်ကိုင်ပြီး ကုလားထိုင်ပေါ်မှာ ထိုင်နေတာကို တွေ့လိုက်ရပြီး သူ ကြိမ်ဖန်များစွာ အော်ခေါ်သော်လည်း တုံပြန်မှု မရခဲ့ပေ။

အဆုံးတွင် သူက သက်ပြင်းချကာ ထွက်ခွာသွားခဲ့သည်။ သူ ဒီအမေနဲ့သားနှစ်‌ယောက်လုံးကို မတွေ့ချင်တော့ဘူး။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now