Ch 29.2

1.4K 160 7
                                    

အခန်း ၂၉ အပိုင်း ၂

ဒီနေ့ နေမင်းကြီးက တိမ်တွေနောက်မှာ ပုန်းနေပြီး လေတိုက်တယ်ဆိုတဲ့ သဲလွန်စတောင် မတွေ့ရတော့ မြို့တော်တစ်ခုလုံး အသက်ရှူကျပ်နေသည်။

ရှောင်းယိုနဥ်က ရှောင်းသခင်မအိုကြီး၏နေရာမှ ထွက်ခွာလာခဲ့သည်။ ရာသီဥတု၏ လွှမ်းမိုးမှုကြောင့် သူမ၏ ရင်ဘတ်က လေးလံနေပြီး မှိုင်တွေနေမိသည်။ သူမက တည်ငြိမ်သောမျက်နှာဖြင့် ဧည့်ခြံဝန်းဆီသို့ တောက်လျှောက်ပြန်သွားကာ အစေခံမိန်းကလေးများအား စတင်ထုပ်ပိုးရန် အမိန့်ပေးလိုက်သည်။

ယခုအချိန်တွင် ယဲ့ရှန်း၏သီးသန့်နေအိမ်တွင် ရက်အနည်းငယ်ကြာ တည်းခိုခဲ့သည့် ချန်လီက နောက်ဆုံးတွင် သတင်းအချို့ကို ရရှိခဲ့သည်။ ယဲ့ရှန်းက သူမဆီမှ တိကျတဲ့စာတစ်စောင်ရခဲ့ပြီး ရှောင်းယိုနဥ်ရဲ့အိမ်ကို ပြေးဖို့ အဆင်သင့်ဖြစ်နေပေမဲ့ သူ့ခြေထောက်နှစ်ချောင်းက တံခါးဝမှာ ရပ်တန့်သွားသည်။

ယဲ့ရှန်းက သူ့အပေါ်ရုံအင်္ကျီကို ရုတ်သိမ်းလိုက်ပြီး မေးစေ့ကို အနည်းငယ်မော့ထားကာ သူမျက်နှာက အေးဆေးတည်ငြိမ်သော အမူအရာရှိနေသည်။ သူက ချန်လီကို လမ်းပြ ဦးဆောင်ခွင့်ပေးလိုက်သည်။

ထို့ကြောင့် ချန်လီက ရှောင်းဒုတိယအိမ်တော်ခွဲသို့ ရှောင်းယိုနဥ်ကို တွေ့ရန်သွားခဲ့ပြီး ယဲ့ရှန်းကို အနောက်တံခါးသို့ သွားခိုင်းရသည့်အတွက် အပြစ်ရှိသလို ခံစားနေရသည်။

ရှောင်းယိုနဥ်က ချန်လီကို တစ်ခုခု မေးလိုက်တိုင်း နီမြန်းသော မျက်နှာဖြင့် စကားထစ်နေသည်ကို တွေ့လိုက်ရသည်။ သူ့မျက်လုံးတွေက လမ်းကြောင်းပြောင်းနေပြီး သူဘာကြောင့် ဝင်းထဲက မြန်မြန်ပြန်ထွက်ချင်နေတာလဲလို့တော့ သူမ မမေးလိုက်တော့ဘူး။

နောက်ဖေးတံခါးမှာ မထင်ရှားတဲ့ အနက်ရောင် ရထားလှည်းတစ်လှည်း ရပ်ထားပြီး မောင်းသူက ကျန့်ယင်ဆိုတော့ ဘယ်သူပါလဲလို့ မေးနေစရာ မလိုတော့ဘူး။

ခုနက စိတ်ပျက်အားငယ်နေသော မိန်းကလေး၏ မျက်ခုံးများ မြင့်တက်လာပြီး သူမ ပျော်လာသည်။ သူမက ယဲ့ရှန်းကို ခေါ်ချင်သော်လည်း မြင့်တက်လာသော စိတ်လှုပ်ရှားမှုကို တွန်းထုတ်နေရသည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now