Ch -31.1

1.7K 185 4
                                    

အခန်း ၃၁ အပိုင်း ၁

ယဲ့ရှန်းအတွက်တော့ ဟော်မင်ဝူကို ဒီနေရာမှာတွေ့ရတာ အံ့သြစရာမရှိပါဘူး။ သူအတွက် ဒီလိုနေ့ရောက်လာတဲ့အခါ လက်ရှိအခြေအနေက နောက်ဆုံးဖြစ်မယ်ဆိုတာ သူသိသည်။

သူ့မှာ လိပ်ပြာလုံတဲ့စိတ်ရှိလို့ သူလာရဲသည်။ သူ့ရဲ့တစ်ခုတည်းသော အမှားကတော့ ရှောင်းယိုနဥ်ကို သူ့ရဲ့ကိုယ်ပိုင်လက္ခဏာအကြောင်း ပြောပြဖို့ အစမပြုခဲ့ခြင်းဖြစ်ပြီး သူမကို နားလည်မှုလွဲသွားစေခဲ့တာပါ။

ဒီအတွက် သူ့မှာ အပြစ်နည်းနည်းရှိတယ်လို့ ဆိုနိုင်ပေမယ့် အရာတိုင်းက တွေ့ဆုံခွင့်ရဖို့ဖြစ်လာတဲ့အတွက် နောင်တမရဘူး။ သူမ အမှန်တရားကို သိမြင်ပြီးနောက် မယုံကြည်မှုနဲ့ အထင်လွဲမှားမှု အမျိုးမျိုးကို ရင်ဆိုင်ရမည်သော်လည်း အမှန်ပင် နောင်တရစရာ မရှိပေ။

ယဲ့ရှန်းက ဟော်မင်ဝူ၏ စူးရှသောအကြည့်ကို မြင်လိုက်သည်။ မေးစေ့ကို အနည်းငယ် ပင့်မြှောက်ပြလိုက်ရတော့ အပြစ်ရှိနေသလို ခံစားရတဲ့ စိတ်တောင် နည်းနည်း ပျောက်သွားသည်။

ဟော်မင်ဝူအတွက်ကတော့ ယဲ့ရှန်းကို ဒီနေရာမှာ တွေ့ရတာ အမှန်ပင် ထိတ်လန့်မှုဖြစ်စေသည်။ ရှောင်းယိုနဥ်၏စကားများထဲမှ တာအိုဘုန်းကြီးသည် အရင်က သူ မဖြစ်နိုင်ဆုံးဟု သတ်မှတ်ခဲ့သော ပုဂ္ဂိုလ်ဖြစ်ကြောင်း ခနအတွင်းမှာပင် သူသဘောပေါက်လိုက်ရသည်။

သူ့မျက်စိနဲ့ မြင်တာသာမဟုတ်ရင် နာမည်ဆိုးနဲ့ကျော်ကြားပြီး ရက်စက်ကြမ်းကြုတ်တဲ့ လူတစ်ယောက်က အပြစ်ရှိတဲ့ အရာရှိရဲ့သမီးကို အကြိမ်ကြိမ် ကယ်တင်ဖို့ ဆန္ဒရှိနေတယ်ဆိုတာ လုံးဝ ယုံမှာမဟုတ်ဘူး။

ယခုမူ ၎င်းကို သူကိုယ်တိုင်တွေ့မြင်နေရသောကြောင့် ယုံကြည်ရန်မှတပါး ရွေးချယ်စရာမရှိပေ။

နောက်ဆုံးတွင် ဟော်မင်ဝူ၏ မျက်လုံးများက ယဲ့ရှန်းထံမှ ပြောင်း‌ရွေ့သွားပြီး ဘေးတွင် ရပ်နေသော ရှောင်းယိုနဥ်ဆီသို့ ရောက်သွားသည်။

သူမက အမြဲတမ်း တောက်ပသော အရောင်အသွေးကို နှစ်သက်သည်။ သူမ၏နောက်တွင် ချုံပုတ်နိမ့်နိမ့်လေး တစ်ခုရှိနေသည်။ အစိမ်းရောင်နောက်ခံဖြင့် သူမအလှက မိန်းမပျိုတစ်ယောက်လို နူးညံ့သိမ်မွေ့နေကာ ကျက်သရေနှင့် ဆွဲဆောင်မှုရှိသောအလှက ပေါ်လွင်နေသည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now