Ch-1.2

5.2K 423 3
                                    

အခန်း .

ကြမ်းကြုတ်ပြီး ကြံ့ခိုင်တဲ့ အစေခံအမျိုးသမီးကြီးတွေက သူမကို အနိုင်ယူဖို့ ဒီနေရာမှာ ရှိနေသည်။ နောက်ထပ် ခြေလှမ်းနှစ်လှမ်း ဆုတ်လိုက်သော်လည်း သူမ၏ လက်မောင်းကို ရုတ်တရက် တစ်စုံတစ်ယောက်မှ ဆုပ်ကိုင်လိုက်သည်။

"လွတ်! ရှင်တို့ လီမိသားစုနဲ့ ကျွန်မက ဘာမှမဆိုင်ဘူးဆိုတော့ ကျွန်မ ဘယ်သွားသွား ရှင်တို့ လီမိသားစုက စိတ်ပူရမယ့် အကြောင်း မဟုတ်တော့ဘူး!"

သူမသည် သူတို့ကို ငြင်းပယ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း တစ်ဖက်သား၏လက်များသည် သံညှပ်များကဲ့သို့ပင်၊ အတွင်းဆောင်တွင် ကြီးပြင်းလာခဲ့သည့်  နှစ်သက်သဘောကျအလိုလိုက်ခံရသော သမီးလေးဖြစ်သည့် သူမအတွက် ယှဥ်ပြိုင်နိုင်သည့် အရာမဟုတ်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ရောက်လာသော လူများက သူမကို ပို၍ တင်းတင်းကြပ်ကြပ် ချုပ်နှောင်ထားကြသည်။ သူမ၏လက်ကောက်ဝတ်သည် လိမ်ခံထားရပြီး သူမ၏ခန္ဓာကိုယ်နောက်သို့ ကွေးညွှတ်သွားခဲ့သည်။ သူမ၏ အဆစ်အမြစ်များ နာကျင်ကိုက်ခဲမှုသည် ဖြစ်ရပ်တစ်ခုမျှသာဖြစ်ပြီး သူမအား အရှက်ရစေသော သူများရှေ့တွင် သူမ၏ သူရဲဘောကြောင်မှုကို ဖော်ထုတ်ရန် မည်မျှပင် ဆန္ဒမရှိစေကာမူ၊ ထိုအချိန်တွင် ရှောင်ယိုနဥ်သည် စီးကျလာသော မျက်ရည်များကို မထိန်းနိုင်တော့ပေ။

"ငါ့ကိုလွှတ်!" သူမ ရုန်းကန်နေရင်း အမြင်အာရုံတွေ ဝေဝါးလာသည်။

လီသခင်မသည် သူမ၏ မေးစေ့ကို အနည်းငယ် မြှောက်လိုက်ပြီး အောင်ပွဲခံသော အကြည့်ကို ပေးနေသနေ။ ငယ်ရွယ်နုပျိုသော ကလေးမလေးသည် မျက်နှာပြင်ပေါ်တွင် မည်မျှပင် ငြိမ်သက်နေပါစေ သို့မဟုတ် သူမ၏ စကားလုံးများ မည်မျှပင် ထက်မြက်နေပါစေ၊ သူမသည်လည်း တစ်ကြိမ်တစ်ခါမျှ စက္ကူကျားတစ်ကောင်ထက် မပိုပေ။

"-အမေ!" အစကတည်းက စကားမပြောခဲ့သော လီချင်ကျစ်သည် သူမ၏ မျက်ရည်များ အစုလိုက်အပြုံလိုက်ကျလာသည်ကို မြင်လိုက်ရသည့်အချိန်၌ပင် ခေါင်းကို မော့လိုက်သည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now