Ch-4.2

3K 288 1
                                    

အခန်း ၄ အခန်း ၂

"အိုး ဒါလည်းဖြစ်နိုင်တယ်-" ယွမ်ကော်က နားမလည်နိုင်သော်လည်း သဘောတူလိုက်ပြီး သူမ၏ ပါးစပ်ကို သူမ ပေါင်းထားသော ပေါင်မုန့်ဖြင့် ပိတ်နေသည်။

တံခါးအဖွင့်အပိတ်သံကို သူမတို့ ကြားနေရပြီး ခုမှ ရောက်လာခါစ လူတွေလို့ သူမတို့ ယူဆလိုက်သည်။ ယွမ်ကော်က နားထောင်ဖို့ ကြိုးစားနေတယ်၊ ခုနက ဒီကိစ္စနဲ့ ပတ်သက်ပြီး စိတ်ထဲက သိပ်စိတ်မချဘူး၊ ညနေခင်းမှာ ပိုသတိရှိသင့်တယ်လို့ တွေးနေမိသည်။

အခြားတဖက်တွင် လက်ဖက်ရည်ပူပူတစ်အိုးကို ယူပြီး ပြန်လာသော ကျန့်ယင်က တံခါးပိတ်ပြီး ယဲ့ရှန်းကို ချက်ချင်း သတင်းပို့လိုက်သည်။ "သခင်လေး ၅၊ ကျွန်တော်တို့ ဘေးခန်းက ရှောင်းသခင်မလေးက ကျွန်တော်တို့ကို မမှတ်မိဘူး။ မထင်မှတ်ပဲ၊ ရှောင်း မိသားစုရဲ့ ဒုတိယသခင်က သူတို့ကို စောင့်ရှောက်ဖို့ လွှတ်ထားတဲ့သူတွေတောင် ရှိတယ်။ အခုပဲ ဧည့်ခန်းထဲမှာ သူ့အစောင့်တွေက အသားစားပြီး အရက်သောက်တာကို တွေ့တယ်၊ အဲ့ထဲက လူတချို့ကို မှတ်မိတယ်။ ရှောင်းမိသားစုရဲ့ ညီအကိုနှစ်ယောက်က အမြဲတမ်း ကွဲလွဲနေတာ မဟုတ်ဘူးလား? ဒါက အရမ်းထူးဆန်းတယ်။ သခင်မလေးရှောင်းက ယောကျာ်းတစ်ယောက်လိုဝတ်ထားပြီး သူ(မ) ဘယ်သွားမလို့လဲ မသိဘူး"

ယဲ့ရှန်းက မျက်ခွံတောင် လှန်မကြည့်ဘဲ သူလောင်းထည့်ပေးတဲ့ လက်ဖက်ရည်ကိုယူကာ တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းပြန်ထည့်လိုက်တယ်။

ကျန့်ယင်သည် သူ့မိသားစုမှ သခင်လေး၏ ဇီဇာကြောင်သည့်အလေ့အထ ပြန်ရောက်လာသည်ကို သိပြီး "သခင်လေး ၅၊ ရေက သိပ်မကောင်းပေမယ့် အိုးကို အကြိမ်များများ ရေနည်းနည်းနဲ့ ဆေးလိုက်တယ်၊ လက်ဖက်ခြောက်က ကျွန်တော်တို့နဲ့အတူ ယူလာတာမို့ သခင်လေး အဆင်ပြေမှာပါ"

ထိုစကားကိုပြောပြီးနောက် တစ်ခဏအကြာတွင်၊ ကျန့်ယင်သည် သူ၏ ဇီဇာကြောင်သော သခင်လေးက လက်ကို နောက်တစ်ကြိမ် ဆန့်ထုတ်လိုက်ပြီး ခွက်တစ်ခွက်ကို တွန့်ဆုတ်စွာ သောက်လိုက်ပြီး နောက်တစ်ကြိမ် ထပ်မထိတော့ဘဲ ချလိုက်သည်ကို တွေ့လိုက်ရသည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now