အပိုင်း - ၅ ရှဲ့ဝေ

1.8K 206 21
                                    

Unicode

ခွန်းနင် နန်းတော်ရာပုံပြင်

အပိုင်း - ၅ ရှဲ့ဝေ

ထန်အာ သည် လျန်အာ ထက် အသက် နှစ်နှစ်ပိုကြီးပြီး သူမ၏ စိတ်နေစိတ်ထားမှာ လျန်အာနဲ့စာလျှင် များစွာ ပိုတည်ငြိမ်သည်။ ထန်အာသည် စိမ်းပြာရောင် ပီကျား* ၀တ်စုံလေးကို အပေါ်က ထပ်၀တ်ထားသည် ။

*[ကုတ်လက်ပြတ်အင်္ကျီ အပေါ်၀တ်ရုံ ]

လျန်အာက သူမကို အလျင်စလို ဆွဲခေါ်လာသောအခါမှာ တောင် ထန်အာရဲ့ လက်ထဲမှာ ဖိတ်စာတစ်စောင်ကို ကိုင်ဆောင်ထားလျက်သား ။ ထန်အာ တစ်ချက်ကြည့်လိုက်တော့ ကျန်းရွှယ်နင်ရဲ့အမူအရာကလဲ မူမမှန်ဘူးလို့ သူမပြောနိုင်သည် ။

ဒါ့ကြောင့် သူမသည် လျန်အာကို အလျင်အမြန်ပဲ ဆွဲညှစ်လိုက်သည်။

လျန်အာသည်လဲ ချက်ချင်းပင် ပေါက်ပေါက်ဖောက်ငိုနေရာက တိတ်ဆိတ်သွားသည်။

ထိုအခါမှသာ သူမ ကျန်းရွှယ်နင်ဆီ လမ်းလျှောက်လာခဲ့ တော့သည်။ ပထမဦးစွာ သူမသည် ဖိတ်စာကို ဘေးက *စားပွဲမှာ ချထားလိုက်ပြီး၊ ထို့နောက် ကျန်းရွှယ်နင် ၏ နံဘေးသို့ လျှောက်သွားကာ အရက်နံ့များဖြင့် မွှန်နေသော ၀တ်ရုံကို ချွတ်ပေးလေသည်။ ထိုအချိန်မှ လျန်အာက ထိတ်လန့် နေရာက ရုန်းထလာနိုင်ခဲ့သည်။

" သခင်မလေး မနေ့ညက တစ်ညလုံး ပြန်မလာ‌လို့ လျန်အာက လန့်သွားပုံရတယ် ၊ ဒါပေမယ့် ဒီနေ့ ဟောပြောချက်တွေကို နားထောင်ဖို့ ရုံယိနယ်စားအိမ်တော်က “နယ်စားလေး”လဲ နန်းတော်ထဲကို သွားဖို့ လိုအပ်တယ်လို့ သတင်းကြားထားပါတယ် ၊ဒါ‌ကြောင့် ဒီအစေခံက ဒီမနက်ခင်းတော့ သခင်မလေး ပြန်လာမှာပဲ ဆိုပြီး တစ်‌ ယောက်ယောက်ကို ရေနွေးပူပူလေး အရင်ပြင်ဆင်ခိုင်းထားလိုက်တယ် ။ သခင်မလေး ရေချိုးပြီးရင် အနားယူလိုက်ပါဦး ။ မနေ့ညက သခင်မလေး ကောင်းကောင်းအိပ်မပျော်ဘူးဆိုတာကို ဒီအစေခံ သတိထားမိပါတယ်။"

*[ခြေသုံးချောင်း စားပွဲငယ်]

ဒါက အသုံးဝင်တဲ့ စကားများပင်။

ကျန်းရွှယ်နင်သည် ထန်အာ ကို တစ်ချက်ကြည့်လိုက်သည်။

ဒီကောင်မလေးကလည်း မန့်ရှီ က သူမဘေးမှာ ခစားရန် ပို့ထားပေးခဲ့တာပင်။ သူမတွင် အရည်အချင်းရှိသော်လည်း လက်အောက်ငယ်သားများအပေါ် ဆိုးရွားတဲ့ သဘောထားရှိသော သူမရဲ့သခင်မလေး၏ ဒေါသကို မထိန်းချုပ်ထားနိုင်ပေ။ ဒါကြောင့် သူမမှာ အရည်အချင်းအပြည့်ရှိပေမဲ့ ရှိနေတဲ့ အရည်အချင်းရဲ့ သုံးပုံတစ်ပုံလောက်ကိုတောင် အသုံးမချနိုင်ခဲ့တာက မယုံနိုင်စရာပါပဲ။

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Where stories live. Discover now