အပိုင်း -၂၂ မထိုက်တန်

915 129 14
                                    

Unicode

ခွန်းနင် နန်းတော်ရာ ပုံပြင် 

အပိုင်း -၂၂  မထိုက်တန်

ယိုဟွမ်ခန်းမ မှထွက်လာပြီးနောက် ယန့်လင်း သည် ကျန်းရွှယ်နင်အား  နောက်ထပ် လမ်းတစ်လမ်းကို ခေါ်ဆောင်သွားခဲ့သည်။

ရွှေ၊ ငွေနှင့် ကျောက်စိမ်းထည်၊ နီညိုရောင် ခါးဆောင်အိတ်များ သို့မဟုတ် နှင့် မှင်ခွက်၊ လက်ရေးလှစုတ်တံနှင့် ပန်းချီကားရောင်းချသော  ဆိုင်တစ်ဆိုင်သို့သွားရင်း  လက်ရာကောင်းများကို တွေ့သောအခါ “ကျန်းရွှယ်နင် ကြိုက် မကြိုက်”  အမြဲမေးလေ့ရှိသည်။ ကျန်းရွှယ်နင် သည် အစပိုင်းတွင် ဘာမှသတိမထား မိသော်လည်း ယန့်လင်း ကျောက်စိမ်းတုံး နဲ့ ပတ္တမြားတစ်ခုကို ကိုင်ဆောင်ကာ သူမအား ထပ်မံမေးမြန်းလာသည်ကို မြင်သောအခါတွင် သူမ နှလုံးသားထဲမှာ မောသွားရပြီး မူးမေ့လဲမတတ် ဖြစ်ခဲ့ရသည်။

ဒီလူငယ်လေးရဲ့အမူအရာနဲ့ အပြောအဆိုသည် အမြဲရိုးဖြောင့်ကာ တည့်တိုးဆန်သည်။

သို့သော် ယခုအချိန်မှာတော့ သွယ်ဝိုက်သော သဘောထားတွေ ပါရှိနေပုံရသည်။

“နင်နင် ကြိုက်လား မကြိုက်ဘူးလား” 

လို့မေးတဲ့အခါ သူ့မျက်လုံးတွေက ပြုံးနေပေမယ့် သူ့မျက်လုံးတွေက တစ်စုံတစ်ခုကို ရှာတွေ့သွားမှာကြောက်လို့ ဖုံးကွယ်ထားသလိုမျိုး သူ့မျက်လုံးတွေက အနည်းငယ် စိုးရိမ်နေပြီး တစ်ပါးလူ  မသိစေတဲ့ ရှက်စိတ်တွေ  ရိပ်မြွန်းနေသလိုပင်။ 

တကယ်တော့ ယန့်လင်းက ကျန်းရွှယ်နင်ကို သိစေချင်သည် ။

ဒီကိုးလပိုင်း ကုန်ခါနီးအချိန်ကို  သူ့လက်ချောင်းများကို ချိုးချ ရေတွက်ရင်း စောင့်နေရကာ ၊ မကြာမီ ဆယ်လပိုင်းလ ကျရောက်တော့မည်ဖြစ်ကာ ထိုအချိန်တွင် သူ၏ အရွယ်ရောက် အခမ်းအနား  ကျင်းပမည်ဖြစ်သည်။

သူရဲ့ အရွယ်ရောက် အခမ်းအနားပြီးတာနဲ့ အိမ်ထောင်ရေးအကြောင်း စတင်ကာ ပြောလို့ရပြီ ဖြစ်သည်။

ထိုအချိန် ရောက်လျှင် သူသည် ကျန်းအိမ်တော်သို့ သွားပြီး နင်နင့်ကို တရား၀င် လက်ထပ်ခွင့်တောင်းနိုင်တော့မည် ဖြစ်သည်၊ ထို့ကြောင့် ခန်းဝင်ပစ္စည်းလက်ဆောင်စာရင်းကို ကြိုတင်ပြင်ဆင်ထားရတော့ပေမည်- နင်နင် က ဘာကိုကြိုက်လဲ မကြိုက်သည်ကို သူသိထားချင်သည်။ နင်နင်သာ တစ်ခုခုကို ကြိုက်တယ်ဆိုရင် ဒီနေ့ပြီးရင် တိတ်တိတ်လေးဝယ်ပြီး ခန်းဝင်ပစ္စည်းလက်ဆောင်စာရင်းထဲ ထည့်ထားမှာ ဖြစ်သလို နင်နင်  မြင်လိုက်တာနဲ့ အံ့သြသွား စေချင်တာပင်။ 

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Where stories live. Discover now