အပိုင်း - ၃၆ ပြာပုံထဲမှ ထွက်လာသောမိန်းကလေး

866 99 7
                                    

Unicode

ခွန်းနင်နန်း‌တော်ရာပုံပြင်

အပိုင်း  - ၃၆ ပြာပုံထဲမှ ထွက်လာသောမိန်းကလေး

သတင်းစကားလာပြောသော အစေခံသည် သူမ၏ အိမ်တော်သခင်မသည်  ကျန်းရွှယ်နင် အပေါ် ဒေါသထွက်နေကြောင်း သူမသိသောကြောင့် ကျန်းရွှယ်နင် ကို ဆက်ဆံသည့် အခါတွင် စားမကောင်းတဲ့ အသီးလို့  သူမတွေးထားကာ  ကျန်းရွှယ်နင်နှင့်စကားပြောသောအခါတွင်လဲ သူမသည် အလွန်ရိုင်းစိုင်းခဲ့သည်၊ သို့ပေမယ့် ကျန်းရွှယ်နင် အခန်းမှ  သူမပြန်ထွက်လာရတဲ့အခါ သူမမျက်နှာက ဖြူဖျော့နေပြီး တစ်ကိုယ်လုံး အားနည်းနေကာ ကျန်းရွှယ်နင် ရဲ့ ရုပ်ဖျက်မထားတဲ့ ခြိမ်းခြောက်မှုတွေကြောင့် ကြောက်လန့်သွားပြီး သူမပြန်သွားတဲ့အခါ မန့်ရှီ ကို  ကျန်းရွှယ်နင်ပြောခဲ့တဲ့စကားကို ဘယ်လိုပြန်ပြောရမလဲဆိုတာကို တွေးပြီး  ပိုကြောက်ရွံ့လာခဲ့သည် ။

လျန်အာ နှင့် ထန်အာ တို့သည် ဤအတောအတွင်း သူမတို့၏ ဒုတိယသခင်မလေးဖြစ်သူသည်  ဒေါသကို  ပိုမိုကောင်းမွန်စွာ ထိန်းချုပ်လာနိုင်ကာ သူမသည် ပို၍ ကျိုးကြောင်းဆီလျော်လာပြီး အေးချမ်းလာသည်ကို တွေးတောနေခဲ့သည်။

ဒီလိုစကားမျိုး ရုတ်တရက်ပြောလာဖို့ကိုတော့ ဘယ်တုန်းကမှ မမျှော်လင့်ထား။

ထို့ကြောင့် နှစ်ယောက်စလုံး အံ့အားသင့်နေကြကာ အနည်းငယ် တုန်တုန်ယင်ယင်နှင့် စိတ်ပူမိကြမည်မှာ မလွဲဧကန်ပင် ဖြစ်သည်-

"သခင်မလေး ၊ သခင်မက ဒီအိမ်ရဲ့ အကြီးအကဲပါ၊ ဒီလိုပြောလို့  မဖြစ်ပါဘူး "

ကျန်းရွှယ်နင် သည် သူမ၏မျက်နှာကို ဖုံးအုပ်ထားသည့် မျက်နှာသုတ်ပဝါကို ဖယ်ကာ သူမ၏ရှေ့ရှိ ကြေးနီအင်တုံထဲသို့ ပစ်ချလိုက်ရာ၊ မိတ်ကပ်မလိမ်းရသေးသော သူမ၏မျက်နှာသည် အပူဒဏ်ကြောင့် အနည်းငယ်နီမြန်းနေပြီး နုပျိုလန်းဆန်းနေသည်။ အခွံခွာထားသော ကြက်ဥအကာလို ပြောင်စင်အောင်နေကာ ရိုးရိုးမျက်နှာက  ကြည်လင်သောရေဖြင့် သစ်လိုက်ပေမယ့် မိတ်ကပ် မွမ်းမံပြင်ဆင်ထားခြင်းမရှိဘဲ  နူးညံ့သိမ်မွေ့ပြီး ကျက်သရေရှိသော မျက်နှာအသွင်အပြင်ကို ပိုမိုသိသာစေပါသည်။

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Where stories live. Discover now